Tuesday, March 15, 2016

"သူငယ်ချင်းအသစ်ရဖို့ နည်းလမ်းကောင်း (၇) ခု"


"သူငယ်ချင်းအသစ်ရဖို့ နည်းလမ်းကောင်း (၇) ခု"

လူ့လောကကြီးမှာ ကျင်လည် ကျက်စားနေရသူများအဖို့ စီးပွားရေး၊ ပညားရေး၊ လူမှုရေး လုပ်ငန်းတွေတွင်ကျယ်စွာ လုပ်ကိုင်နိုင်ဖို့အတွက် အပေါင်းအသင်းဆိုတဲ့ အခန်းကဏ္ဍဟာလည်း မေ့ထားလို့မရတဲ့
ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးလှတဲ့ ကဏ္ဍတစ်ခုကို ဖန်တီးရာမှာ အသုံးဝင်နိုင်တဲ့ သူငယ်ချင်းအသစ်ရဖို့ နည်းလမ်းကောင်း (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်တိုင်မိတ်ဖွဲ့ပါ။
သူငယ်ချင်းအသစ် တစ်ယောက်ရဖို့အတွက် အခြားသူငယ်ချင်းတစ်ယောက်ကို လူကြုံမငှားပါနဲ့။ သူ့ကို ခင်မိတဲ့အကြောင်းကို သင်ကိုယ်တိုင်ပြောပြီး မိတ်ဖွဲ့ခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုနဲ့ လေးစားမှုကို ဖြစ်စေပါတယ်။

၂။ မျက်မှန်းတန်းနေတဲ့ လူတွေနဲ့သာ စတင်မိတ်ဖွဲ့ပါ။
လူတစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းမိနေတာရဲ့ အားသာချက်က သူဟာ ဘယ်လိုလူစားလဲဆိုတာကို သင့်အနေနဲ့ အခြေခံအရ သိပြီးသား ဖြစ်နေစေပါတယ်။ ဒီလိုမှမဟုတ်ဘဲ တရားဥပဒေအရ မလွတ်ကင်းတဲ့သူ တစ်ယောက်နဲ့ စတင် မိတ်ဖွဲ့မိတဲ့အခါမျိုးမှာ သင်ဟာ ဘုမသိဘမသိနဲ့ သူ့ရဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ပတ်သက်သူလို့ အထင်ခံရနိုင်တာမျိုး ရှိတတ်လို့ပါ။

၃။ နည်းပညာကိုလည်း အသုံးပြုပါ။
လူမှုကွန်ယက်တွေမှာ တစ်ခါတလေ group ဖွဲ့ပြီး စကားဖောင်ဖွဲ့ကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက တစ်ချို့ group တွေမှာ ရိုင်းစိုင်းသူတွေ ပါတတ်တယ်ဆိုတာပါဘဲ။
ဒီလို group တွေမှာ ပါဝင် ပတ်သက်ခြင်းအားဖြင့် သင့်ကိုလည်း စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်လောက်တော့ ရစေနိုင်ပါတယ်။

၎။ ပွင့်လင်းပါစေ။
တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် အရင်ဆုံး ထားရမယ့် စိတ်ထားက ပွင့်လင်းမှုပါ။ ဒါဟာ ရိုးသားမှုကို အခြေခံရာမှ ဖြစ်လာနိုင်တာဖြစ်လို့ သင့်ရဲ့ ရိုးသားမှုကို မှတ်ကျောက်တင်ရာမှာလည်း
အသုံးဝင်စေပါတယ်။ နောက် သူရဲ့ ရိုးသားပွင့်လင်းမှုကိုလည်း မြင်သာစေနိုင်ပါတယ်။

၅။ မေးခွန်းများ မေးမြန်းခြင်း
မေးခွန်းမေးခြင်းဟာ အဖြေသိရှိစေခြင်း အကျိုးတစ်ခုကိုပဲ ပေးတာ မဟုတ်ပါဘူး။ သူရဲ့ အသိပညာအဆင့်အတန်းနဲ့ တွေးခေါ် မြော်မြင်နိုင်စွမ်းကိုလည်း သိပြီးသား ဖြစ်စေနိုင်ပါတယ်။

၆။ အပြင်ထွက်ပေးပါ။
သူငယ်ချင်းဆိုတာ ကိုယ့်အိမ်မှာ နေရင်းထိုင်ရင်းနဲ့ မရနိုင်ပါဘူး။ ဒီအတွက် အပြင်ထွက်ပေးဖို့ လိုပါတယ်။ လက်ဖက်ရည်ဆိုင်တွေ၊ ကျောင်းတွေ စတဲ့ နေရာမျိုးတွေမှာ သင် မိတ်ဆွေအသစ် ဖွဲ့စရာ သူငယ်ချင်းတွေ တွေ့နိုင်ပါတယ်။

၇။ များများတွေ့ဆုံပေးပါ။
တွေ့ပါများလေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှု ကြီးထွားလေ ဖြစ်ပါတယ်။ သူငယ်ချင်း ဆက်ဆံရေးဟာ အချစ်လို ပူလောင်ခြင်းမရှိလို့ ထိန်းသိမ်းရတာလည်း အလွန်လွယ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကိုယ့်ဘက်က သွေးအေးသလိုလို အမူအယာပြရင် တစ်ခြားဘက်ကလည်း ဒီအတိုင်း တန်ပြန်သက်ရောက်မှု လုပ်တတ်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment