Thursday, March 31, 2016

"ညီမရှိတဲ့ အမျိုးသမီးတွေသာ နားလည်နိုင်တဲ့ ခံစားချက် (၁၀) ချက်"


"ညီမရှိတဲ့ အမျိုးသမီးတွေသာ နားလည်နိုင်တဲ့ ခံစားချက် (၁၀) ချက်"

မိန်းကလေးတွေကို မေးချင်တယ်။ ညီမ ရှိကြသလား လို့။ ညီမ ရှိတယ်ဆိုရင်တော့
အောက်ပါ အချက် (၁၀) ခုကို နားလည်ခံစားမိမယ်လို့ ထင်ပါတယ်။ ဒီအချက်တွေဟာ ညီမရှိတဲ့ အစ်မတွေသာ
နားလည်နိုင်တဲ့ ခံစားချက်တွေ ဖြစ်ပါတယ်။

(၁) ညီမလေးတွေကြောင့် မိခင်စိတ်ကို ခံစားရစေတယ်

များသောအားဖြင့် သင့်အောက်က ညီမလေးတွေ ငယ်ရင် ငယ်သလို၊ သင် သူတို့အပေါ်မှာ မိခင်တစ်ယောက်ရဲ့ စိတ်လို တစ်မျိုး၊ အစ်မတစ်ယောက်ရဲ့ စိတ်လို တစ်ဖုံ ခံစားရပါလိမ့်မယ်။

(၂) မျှဝေသုံးစွဲခြင်း

သမီးမိန်းကလေးတစ်ယောက် အရွယ်ရောက်ပြီဆိုရင် မိဘတွေဟာ အစ်မဖြစ်သူ အခန်းထဲ ပို့လိုက်ပါတယ်။ အဲဒီကတည်းက စပြီး ညီအစ်မနှစ်ယောက် အိပ်ယာ၊ အ၀တ်အစား၊ အလှကုန် စတာတွေ မျှဝေသုံးစွဲကြရပါတယ်။

(၃) အရွယ်ရောက်လာပြီဆိုတာ သတိထားမိစေတယ်။

သင့်လက်အောက်မှာ ကြီးပြင်းလာတဲ့ ညီမလေးတွေရဲ့ ဖွံ့ထွားမှုလေးတွေကို ကြည့်ပြီး သင်ဟာ ငါ ဘယ်အရွယ်ရောက်ပြီဆိုတာကို ပိုပြီး သတိထားမိတာမျိုး ဖြစ်စေပါတယ်။

(၄) အံဆုံးပေါက်ပြီဆိုတဲ့ သတင်းကို ပထမဆုံး ကြားရသူ

သင်နဲ့ အနီးကပ်ဆုံးနေတဲ့ သင့်ညီမဟာ သင် ဘာဖြစ်တယ်၊ ဘာလုပ်တယ်၊ ဘာကို လျှို့ဝှက်ထားတယ် ဆိုတာတွေကို
သိရှိပါတယ်။ သင် အံဆုံးပေါက်တယ်ဆိုတာအထိ ညီမ ဖြစ်သူက သိပါတယ်။

(၅) သူငယ်ချင်းတွေက ချစ်ကြတယ်

ညီမလေးတွေဟာ အစ်မနဲ့ ပိုပြီး နီးနီးစပ်စပ် ပေါင်းသင်းတော့ အစ်မရဲ့ သူငယ်ချင်းတွေကလည်း ချစ်ကြပါတယ်။ အစ်မကို ပေါင်းသင်းသလို၊ အစ်မရဲ့ သူငယ်ချင်းတွေနဲ့လည်း တစ်ပူးတွဲတွဲ ဖြစ်နေတတ်ပါတယ်။

(၆) သူ့ကို သင်ကလွဲပြီး ဘယ်သူမှ ဆရာလုပ်ခွင့် မရှိဘူး

အစ်မတွေဖြစ်သူဟာ ညီမတွေထက် ဘ၀ကို စောစောရောက်ခဲ့သူများ ပီပီ ဆရာကြီးလည်း လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ညီမကို တစ်ယောက်ယောက်က ဆရာလုပ်တာမျိုးကိုကျတော့ နှစ်သက်လေ့မရှိပဲ ကိုယ်ကသာ ဆုံးမချင်ပါတယ်။ ဒါက ညီမကို ချစ်တဲ့စိတ်ကြောင့်ပေါ့။

(၇) နှိုက်နှိုက်ချွတ်ချွတ် စကားတွေ ပြောဖို့အတွက် အဖော်ကောင်း

အရင်းနီးဆုံးလည်းဖြစ်တဲ့ ညီမလေးဟာ အရွယ်တစ်ဖြည်းဖြည်း ကြီးလာတာနဲ့အမျှ တွေ့ကြုံကြားသိရတဲ့ ဖိုသတ္တ၀ါတွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် စကားလက်ဆုံကြဖို့အတွက် အဖော်ကောင်းဖြစ်ပါတယ်။

(၈) သင့်ကို ပျော်ရွှင်စေတယ်

သူမဟာ သင်နဲ့ ညီအစ်မဖြစ်လို့ ရင်းနီးတယ်ဆိုတာထက် အမေပြီးရင် တိုးတိုးတိတ်တိတ် တိုင်ပင်ဖော် ဖြစ်ပါတယ်။ သင့်အကြိုက်နဲ့ ဆန္ဒတွေကိုလည်း ရိပ်မိသိရှိသူဖြစ်ပြီး သင့်ကို မကြာခဏ ပျော်စေသူ ဖြစ်ပါလိမ့်မယ်။

(၉) အကြာကြီးစိတ်မကောက်နိုင်

အကြောင်းအခန့်မသင့်လို့ ညီအစ်မနှစ်ယောက် စကားများကြရင်လည်း အကြီးဖြစ်တဲ့ သင်က အကြာကြီး စိတ်မကောက်နိုင်ပါဘူး။ သင်ကပဲ ချော့စရာရှိတာ ပြန်ချော့ပြီး ကိုယ့်ညီကို တည့်အောင် ပြန်ပေါင်းရတာပါ။

(၁၀) တစ်နေရာရာ သွားရတဲ့အခါ သူ့ကို လွမ်းတယ်။

အခြေအနေတစ်ခုခုကြောင့် သင် တစ်နေရာရာကို သွားရတဲ့အခါမျိုးမှာ သို့မဟုတ် သူက တစ်နေရာရာကို ရောက်နေတဲ့အခါမျိုးမှာ သင် သူ့ကို လှိုက်လှိုက်လှဲလှဲ လွမ်းပါလိမ့်မယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment