"အမြဲစိတ်ဆိုးတတ်တဲ့ ချစ်သူ"
ချစ်သူတွေဆိုတာ ကြောင်နဲ့ကြွက်လို ခဏခဏ ရန်ဖြစ်ကြချင်ဖြစ်ကြမယ် အကြာကြီးမနေကြပဲ ပြန်ခေါ်ကြမှာပါ။
ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခဏလေး ဝေးနေကြရင်တောင် စိတ်ပူနေတတ်တာပါ။
ချစ်သူတွေဆိုတာ စိတ်ဆိုးကြတဲ့အခါ အလျှားအနံ တိုင်းလို့မရတဲ့ မာနလေးတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အနားမှာ တစ်ယောက်မရှိရင် တစ်ယောက်ကလဲ မနေနိုင်ပါဘူး။
စိတ်မဆိုး စိတ်မကောက်တတ်ကြတဲ့ ချစ်သူတွေဆိုတာကလဲ မရှိပါဘူး။ စိတ်မဆိုး စိတ်မကောက်တတ်တဲ့ ချစ်သူစုံတွဲဆိုတာ ကမ္ဘာအပြင်ဘက်မှာပဲ ရှိမှာပါ။
စိတ်ဆိုး စိတ်ကောက်ပြီးတိုင်း ပိုတိုးပြီးချစ်ကြဖို့ လိုတယ်နော…။
Credit: Lwan Lay
No comments:
Post a Comment