Wednesday, March 23, 2016
Single တွေ စိုးရိမ်တဲ့အရာ (၅) ခု"
"Single တွေ စိုးရိမ်တဲ့အရာ (၅) ခု"
အကြောင်းအမျိုးမျိုးကြောင့် Single ဘ၀ကို ရောက်နေရသူတွေ ရှိနိုင်သလို၊ Single ဘ၀ကို
ကြည်ကြည်ဖြူဖြူ လက်ခံထားကြတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ပဲ
Single ဖြစ်ဖြစ် တူညီတဲ့ စိုးရိမ်မှု (၅) ခု ရှိပါတယ်။
၁။ အထီးကျန်ခြင်း
Single တိုင်း အထီးမကျန်ပါဘူး၊ အထီးကျန်တိုင်းလည်း Single ဟုတ်ချင်မှ ဟုတ်မှာပါ။ လူဆိုတာ အလွန်ကြီးမားတဲ့ လူမှုအသိုက်အ၀န်းကြီးထဲ နေရပေမယ့်လည်း စိတ်က အထီးကျန်ရင် လူလည်း အထီးကျန်တော့တာပဲ။ ဒီလိုပါဘဲ Single ဖြစ်နေတဲ့လူတွေက သာမာန်လူထက် ပိုပြီး
အထီးကျန်မှာကို ကြောက်ကြပါတယ်။
၂။ မိသားစုဖိအားတွေ
မိသားစုဖိအားတွေဟာ Single တွေကို အထီးကျန်မှု၊ သိမ်ငယ်မှု၊ ၀မ်းနည်းစေမှုတွေကို ပိုပြီး ဖြစ်စေနိုင်တဲ့ ဖိအားတွေ ဖြစ်ပါတယ်။ ဒီဖိအားတွေ သူတို့က နည်းနိုင်သမျှ နည်းလိုပြီး ဖြစ်နိုင်သမျှ ဘ၀ကို သိုသိပ်အေးချမ်းစွာ ဖြတ်သန်းလိုကြပါတယ်။
၃။ လူမှုဘ၀ မပြည့်စုံမှု
ဘယ်သူမျိုးမဆို တင့်တောင်းတင့်တယ် အခြေအနေမှာ နေလိုကြပါတယ်။ ဒါကလည်း လူတိုင်းရဲ့ ဘ၀ရည်မှန်းချက် ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုး မနေနိုင်ရင်တောင် အနည်းဆုံးတော့ မပူမပင်ရတဲ့ အခြေအနေမျိုးကို တောင့်တကြပါတယ်။ Single တွေကတော့ လက်ရှိ လူမှုဘ၀ထက် မပြည့်စုံတဲ့ဘ၀ကို ရောက်မှာကို စိုးရိမ်ကြပါတယ်။
၎။ အထီးကျန်စွာ သေဆုံးခြင်း
ဘယ်လောက်ပဲ အသည်းမာတဲ့သူပဲဖြစ်ဖြစ် သေဆုံးချိန် နီးတဲ့အခါ ပုထုစဉ်သဘာဝအရ ဆောက်တည်ရာမရ ဖြစ်လေ့ရှိပါတယ်။ Single တွေအတွက်ကတော့ သေဆုံးခါနီးအချိန် မဆိုထားနဲ့ အကြောင်းတစ်ခုခုကြောင့် နေမကောင်း ဖျားနာဖြစ်တဲ့အခါမျိုးမှာ ငါ့ဆီကို ဘယ်သူမှ လာကြမှာမဟုတ်ဖူးလို့ တွေးပြီး ၀မ်းနည်းတတ်ကြပါတယ်။
၅။ အရွယ်တူ သူငယ်ချင်းတွေ လက်ထပ်သွားတဲ့အခါ
အရွယ်တူ သူငယ်ချင်းတွေ လက်ထပ်ကြခြင်းဟာ သူတို့အတွက်တော့ အလွန်ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက် လက်ထပ်တိုင်း သူတို့မဖြေချင်တဲ့ အဖြေတွေ လူတွေက မရိုးနိုင်အောင် မေးကြတာမျိုးကို ပိုပြီး စိုးရိမ်ပါတယ်။ တစ်ကြိမ်တစ်ခါ အကြောင်းမဟုတ်ပေမယ့် အကြိမ်ပေါင်း များလာတဲ့အခါ လူတိုင်း ညည်းငွေ့ကြမှာပါဘဲ။
နတ်စည်တော် (ShweMOM)
Credit: ShweMOM
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment