Wednesday, March 30, 2016
"ဒီအချက်တွေရှိရင် မိန်းမတွေက ဆွဲဆောင်မှု မြင့်မား"
"ဒီအချက်တွေရှိရင် မိန်းမတွေက ဆွဲဆောင်မှု မြင့်မား"
ကြင်နာမှုရှိတယ်ဆိုတဲ့ စကားလုံးဟာ ရိုးအီနေတဲ့ စကားလုံးဖြစ်ပေမဲ့ တစ်ဖက်သားကို ကြင်နာမှုရှိတဲ့ မိန်းကလေးတွေဟာ တခြားလူတွေနဲ့ ကွဲပါတယ်။
၁- ဟာသညဏ်
ပြောကြတဲ့စကား တစ်ခုရှိပါတယ်။ ယောကျာ်လေးတွေဟာ သူတို့ပြောတာကို အမြဲရယ်တဲ့ ကောင်မလေးကို သဘောကျပါတယ်။ ဒါပေမဲ့ သူတို့ကို ရယ်အောင် လုပ်နိုင်တဲ့မိန်းကလေးကိုတော့ တစ်သက်လုံး မခွဲတော့ပါဘူးတဲ့။ မိန်းကလေးတစ်ယောက်ဟာ ဟာသညဏ်ရှိတဲ့အခါ ဆွဲဆောင်မှုရှိတာ အမှန်ပါပဲ။
၂- ကြင်နာမှု
ကြင်နာမှုရှိတဲ့ မိန်းကလေးတွေဟာ ဟန်ပန်ကပါ တခြားလူနဲ့ မတူပါဘူး။ ကြင်နာမှုရှိတယ်ဆိုတဲ့ စကားလုံးဟာ ရိုးအီနေတဲ့ စကားလုံးဖြစ်ပေမဲ့ တစ်ဖက်သားကို ကြင်နာမှုရှိတဲ့ မိန်းကလေးတွေဟာ တခြားလူတွေနဲ့ ကွဲပါတယ်။
၃- ပြင်းပြမှု
ဘဝမှာ သူဘာလိုချင်တယ်ဆိုတာကို သိပြီး ဒီအရာကိုပဲ စိုက်လိုက်မတ်တပ် ရှာဖွေနေသူပါ။ ဒီလိုအမျိုးသမီးတွေကို ပညာရပ်နယ်ပယ်မှာ တွေ့ရတတ်ပါတယ်။
၎- ကွဲပြားမှု
ဘယ်နေရာကို ရောက်ရောက် သူတို့နဲ့ ဆက်ဆံရတာ ကွဲပြားတယ်လို့ မခံစားရတာမျိုးပါ။ ဥပမာ - မိန်းကလေးဖြစ်တယ်ဆိုပြီး ယောကျာ်းလေးတွေ စကားပြောဖို့ ရှိန်မနေသူမျိုး ဖြစ်ပါတယ်။
၅- ပြတ်သားမှု
ပြတ်ပြတ်သားသားပြောပြီး ပြတ်ပြတ်သားသား လုပ်တတ်တဲ့ အကျင့်မျိုး မိန်းကလေးတစ်ယောက်ဆီမှာ တွေ့ရတဲ့အခါ ဆွဲဆောင်မှု အလွန်ရှိပါတယ်။
Photos & Source: Lifehack
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment