Wednesday, March 16, 2016

"ယုံကြည်မှုမရှိသူတွေ တစ်ကိုယ်တည်း ခရီးသွားသင့်တဲ့ အကြောင်းအရင်း"


"ယုံကြည်မှုမရှိသူတွေ တစ်ကိုယ်တည်း ခရီးသွားသင့်တဲ့ အကြောင်းအရင်း"

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာဟာ ဖန်တီးယူလို့ ရပါတယ်။  တစ်ကိုယ်တည်း ခရီးသွားခြင်းကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရရှိလာစေပါတယ်။

၁- သင်ကပဲ ဒါရိုက်တာ၊ သင်ကပဲ ထုတ်လုပ်သူ၊ သင်ကပဲ သရုပ်ဆောင်သူပါ။ အစစ အရာရာ သင်ကပဲ ဦးဆောင်ပြီး သင်ကပဲ တာဝန်ယူရမှာပါ။

၂- သက်သောင့်သက်သာ နေသာသလို နေတဲ့အကျင့်တွေ ပျောက်သွားပါမယ်။

၃- ကိုယ်ကိုကိုယ် ပြန်လည်ဖန်တီးခွင့် ရပါမယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေကြားထဲမှာ သင်ဟာ တစ်ခုခုပြောဖို့ လုပ်ဖို့အတွက် နှောင့်နှေးတတ်သူ ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်သစ်၊ လူသစ်တွေကြားမှာ ကိုယ့်ကိုကိုယ် ဦးဆောင်ပြီး ကိုယ်ကြိုက်တဲ့ပုံစံ ဖန်တီးခွင့် ရပါမယ်။

၎- တစ်ယောက်တည်း ခရီးသွားရတဲ့အတွက် လူတွေကို ပိုပြီး သတိထားလာပါမယ်။ ဒုက္ခကို ခပ်ဝေးဝေးထဲက ကြည့်တတ်လာပါမယ်။

အဆုံးသတ်မှာတော့ သင်ဟာ ရင့်ကျက်ပြီး ယုံကြည်မှုရှိလာမယ်ဆိုတာ အမှန်ပါပဲ။

Photos & Source: Lifehack

Credit: duwun

No comments:

Post a Comment