Tuesday, March 29, 2016
"ညမအိပ်မီ မိုဘိုင်းဖုန်းသုံးခြင်းကြောင့် မျက်စိကင်ဆာဝေဒနာ ခံစားသွားရတဲ့ အမျိုးသား"
"ညမအိပ်မီ မိုဘိုင်းဖုန်းသုံးခြင်းကြောင့် မျက်စိကင်ဆာဝေဒနာ ခံစားသွားရတဲ့ အမျိုးသား"
မကြာသေးမီက အသက် ၄၀ အရွယ် အမျိုးသားမှာ မျက်စိကင်ဆာရောဂါရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ မိုဘိုင်းလ်ဖုန်း စခရင်မ်မှ LED မီးအလင်းရောင်ဟာ မျက်ကြောလွှာဆဲလ်တွေအဖို့ အန္တရာယ်ရှိပြီး အထူးသဖြင့် မီးမှိန်မှိန်အောက်မှာ မိုဘိုင်းဖုန်း အချိန်အကြာကြီး အသုံးပြုတဲ့အခါ အမြင်အာရုံ ထိခိုက်လွယ်စေတယ်လို့ သုတေသနပြုချက်က ဖော်ပြခဲ့ပါတယ်။
အီလက်ထရွန် ရောင်ခြည်တန်းတွေဟာ လူ့မျက်စိကို တိုက်ရိုက် ချိန်ရွယ်တဲ့အခါ မျက်လုံးကို ခြောက်သွေ့စေနိုင်ပြီး ကင်ဆာရောဂါနဲ့ မျက်စိတောင် ကန်းသွားစေနိုင်ပါတယ်။ အဲဒီအမျိုးသားဟာ မျက်လုံးနီရဲပြီး ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အခါ ဆရာဝန်ဆီ သွားပြခဲ့တာဖြစ်ပါတယ်။
ညမအိပ်မီ မိုဘိုင်းဖုန်းကို ခန့်မှန်းခြေ နာရီဝက်ထက်မနည်း အသုံးပြုလေ့ရှိကြောင်း သိရပါတယ်။ သူ့အဖြစ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းစရာက ခေတ်မီဆေးပညာနဲ့ ပြုပြင် ကုသမရတော့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် မီးရောင်မှိန်မှိန်အောင်မှာ ဖုန်းစခရင်မ်၊ တီဗွီ သို့မဟုတ် ကွန်ပျူတာမောနီတာ စိုက်ကြည့်ခြင်း ရှောင်ကြဉ်ပါက သူ့ရဲ့ အမြင်အာရုံတချို့ တဖြည်းဖြည်း ပြန်ရကောင်း ရနိုင်တယ်လို့ ယူဆရပေမယ့် ထိခိုက်ပျက်စီးဆုံးရှုံးမှုက ကံဆိုးတဲ့ ဒီလူအဖို့ အမြဲတစေဖြစ်ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment