Friday, March 18, 2016

"အရက်မူးတဲ့အခါ သူ့အလိုလို ကျွမ်းသွားတဲ့ အရာ (၆) ခု"


"အရက်မူးတဲ့အခါ သူ့အလိုလို ကျွမ်းသွားတဲ့ အရာ (၆) ခု"

လူသားတွေရဲ့ စိတ်ကို ခပ်မြန်မြန် ပြောင်းလဲသွားစေနိုင်တာ အယ်လ်ကိုဟောကလွဲလို့ အခြား ဘယ်အရာမှ မရှိပါဘူး။ တနည်းအားဖြင့် ဟန်ဆောင်နေတဲ့ လူသားတွေရဲ့ မျက်နှာဖုံးကို ခွာချပြီး စိတ်ရင်းအမှန်တွေ ထွက်လာအောင် လုပ်ပေးနိုင်တာလည်း အယ်လ်ကိုဟော ဖြစ်ပါတယ်။

အရက်မသောက်ထားတဲ့အခါ လုပ်ရမှာ ရှက်သလိုလို၊ မကျွမ်းကျင်သလိုလို ဖြစ်နေပေမယ့် အရက်သောက်ပြီးသွားရင် သူ့အလိုလို ကျွမ်းကျင်သွားတဲ့ အရာ (၆) ခုရှိပါတယ်။

၁။ ကခုန်ခြင်း
မူးလာတာနဲ့ ကလပ်သွားမယ်၊ ကမယ်ဆိုသူတွေ တပုံတပင်ပါပဲ။ သာမန်အချိန်မှာ မကတက်တဲ့သူ၊ ကတာကို မကြိုက်တဲ့သူ အတော်များများ မူးလာရင် အကမှာ ဆရာတဆူ ဖြစ်သွားတော့တာပါပဲ။

၂။ သီချင်းဆိုခြင်း
မူးလာတော့လည်း သီချင်းတိုင်းက ကိုယ့်များ စောင်းမြောင်းဆိုထားသလို ဆိုတဲ့အတွေး ဝင်လာကြပါတယ်။ ကျန်တဲ့အချိန်တွေဆိုရင်တော့ လူအများရှေ့မှာ သီချင်းဆိုရတာ ရှက်တက်ကြပါတယ်။ တစ်ချို့ကလည်း မူးလာမှ သီချင်းဆိုတာ ပိုပြီး ကောင်းတက်ကြပါတယ်။

၃။ မိတ်ဖွဲ့ခြင်း
သာမန်အချိန်တွေမှာ စကားနည်းသူတွေဟာ မူးလာတဲ့အချိန် ရောက်တဲ့အခါ စကားကို နှစ်ဆ၊ သုံးဆ ပြောတော့တာပါပဲ။ ခုမှသိတဲ့သူနဲ့ မိတ်ဖွဲ့ရာမှာလည်း အလွန်ကျွမ်းကျင်ကြပါတယ်။ လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်မှ သိတဲ့သူဟာ မူးလာတဲ့အခါ ငယ်ပေါင်းတွေလို ဖြစ်သွားတဲ့အထိ မိတ်ဖွဲ့ စကားပြောတက်ကြပါတယ်။

၎။ ပရောပရည် လုပ်ခြင်း
မူးလာတာနဲ့ သူ့အလိုလို ကျွမ်းကျင်သွားတဲ့ နောက်တစ်ခုက ပရောပရည်လုပ်တာပါပဲ။ သူနဲ့ ငြိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အကြံဥာဏ်ကောင်းတွေ ခေါင်းထဲ ပေါ်လာလေ့ ရှိပါတယ်။ ကိုယ်နဲ့သိပ်မခင်တဲ့သူ ဆိုရင်တောင် ဘယ်ကစကားစပြောပြီး ဘယ်လိုခင်အောင် လုပ်ရမလဲဆိုတဲ့ အကြံကောင်းတွေ မူးတဲ့အခါ ရလာတက်ပါတယ်။ မူးလာရင် မျက်လုံးနဲ့ စကားပြောတဲ့နေရာမှာ ပိုတောင် ကျွမ်းလာကြပါသေးတယ်။

၅။ ခံစားချက်များ စီကာပတ်ကုံး ပြောခြင်း
မူးလာရင် လူအတော်များများ ခံစားချက် အစစ်အမှန်တွေ  ထွက်လာတော့တာပါပဲ။ မျိုသိပ်ထားတဲ့ ခံစားချက်တွေနဲ့ ခံစားချက်တွေကို စီကာပတ်ကုံး ပြောပြတက်တဲ့ skill ဟာ မူးလာရင် ကျွမ်းကျင်သွားတော့တာပါပဲ။

၆။ ဘိလိယက်ထိုးခြင်း၊ မြှားပစ်ခြင်း
အာရုံစိုက်ပြီး လက်ငြိမ်ငြိမ်ထားရတဲ့ ကစားနည်းတွေဟာ မူးလာရင် ပိုတော်လာတက်ကြပါတယ်။ မူးလာတဲ့အခါ သင့်ကိုသင် ဒီနေရာတွေမှာ ယုံကြည်ချက် ရှိရှိပိုပြီး ကစားတက်သွားပါတယ်။ မယုံရင် နောက်တစ်ခါ မူးတဲ့အခါ စမ်းကြည့်ပါ။

Source & Photos : Elite

Credit: duwun

No comments:

Post a Comment