Sunday, March 27, 2016

"မျက်ကပ်မှန် တပ်သူများ ဒါတွေ မဖြစ်မနေ သိထားဖို့လို"


"မျက်ကပ်မှန် တပ်သူများ ဒါတွေ မဖြစ်မနေ သိထားဖို့လို"

ပြည့်စုံကောင်းမွန်တဲ့ အမြင်အာရုံဆိုတာ ရှားပါတယ်။ မျက်မှန်က လူတိုင်းနဲ့ မလိုက်ဖက်တဲ့အတွက်၊ အဆင်မပြေတဲ့အတွက် မျက်ကပ်မှန်ဟာ သန်းနဲ့ချီတဲ့ လူတွေအတွက် ဘဝနေထိုင်မှု နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ သက်သောင့်သက်သာရှိမှု၊ အဆင်ပြေမှုနဲ့ အမြင်အာရုံ အကျိုးကျေးဇူး ရရှိခံစားစေပေမယ့် မျက်စိရောဂါ ကူးစက်မှုအန္တရာယ် စတဲ့ တချို့သော မကောင်းတဲ့ အချက်လည်း ရှိပါတယ်။ ဒီအန္တရာယ်တွေ ပိုမိုကောင်းမွန်စွာ သိနားလည်ဖို့အတွက် New York University School of Medicine မှ သုတေသီများက မျက်ကပ်မှန် တပ်သူတွေနဲ့ မတပ်သူတွေရဲ့ ဘက်တီးရီးယားအမျိုးအစား နှိုင်းယှဉ်ဖို့ မျက်အိမ် စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရှာဖွေတွေ့ချက်တွေမှာ မျက်ကပ်မှန် တပ်သူတွေဟာ မျက်စိထဲ အရေပြား ဘက်တီးရီးယားပိုး ရှိနိုင်ခြေ ပိုများပါတယ်။ မျက်ကပ်မှန်တွေဟာ မျက်စိကို မကောင်းတဲ့အရာတွေ ရှင်သန်နိုင်အောင် ပိုမိုအားပေးတဲ့ ဝန်းကျင်အဖြစ် ပြောင်းလဲပေးပါတယ်။ အမည်နာမဖြင့် ခေါ်လို့မရနိုင်တဲ့ တခြားအန္တရာယ်ပေးတတ်တဲ့ ဘက်တီးရီးယားများစွာ ရှိပါတယ်။ ကလီစာထဲမှာရှိတဲ့ ဘက်တီးရီးယားမျိုးတွေပဲ ဖြစ်ပေမယ့် ဒါပေမယ့် မျက်စိရောဂါကူးစက်ခံရမှု အန္တရာယ် ပိုမိုမြင့်တက်စေတာကြောင့် မကောင်းပါ။ ဒါဟာ မျက်ကပ်မှန်တပ်သူများ ရောဂါကူးစက်ခံရမှု သံသယဖြစ်ဖွယ် ပိုများတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မျက်ကပ်မှန်နဲ့ ညအိပ် ဒါမှမဟုတ် ကောင်းကောင်း သိမ်းမထားပါက မျက်စိကန်းသွားစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေ ကာကွယ်တားဆီးဖို့အတွက် မျက်ကပ်မှန် တပ်ဆင်ခြင်း သို့မဟုတ် ဖြုတ်ယူခြင်း မလုပ်မီ လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ။ ညမအိပ်ခင် ချွတ်ပါ။ နောက်ပြီး မျက်ကပ်မှန်နဲ့ ရေချိုးခြင်း၊ ရေကူးခြင်းတို့ကို ရှောင်ပါ။ အသုံးပြုပြီးတိုင်း သန့်ရှင်းတဲ့ ဆေးရည်နဲ့ သန့်စင်ပြီး ဆေးရည်ကို ၃ လတစ်ကြိမ် လှဲလှယ်ပေးပါ။ နာကျင်ကိုက်ခဲမှု၊ နီရဲခြင်း၊ အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် ကသိကအောက် ဖြစ်ပါက ဆရာဝန်ဆီ အမြန်ဆုံး ပြပါ။

ပေါ်ထွန်း

Credit: Trend Myanmar

No comments:

Post a Comment