Friday, March 18, 2016
"ကောင်လေး ၂ ယောက်ထဲက ၁ ယောက်ကို ရွေးချယ်မယ်ဆိုရင် ကြည့်သင့်တဲ့အချက်များ"
"ကောင်လေး ၂ ယောက်ထဲက ၁ ယောက်ကို ရွေးချယ်မယ်ဆိုရင် ကြည့်သင့်တဲ့အချက်များ"
တစ်ချို့ကောင်မလေးတွေဟာ အခြားသူများထက် ဆန်းပွင့်တတ်ကြပြီး တစ်ခါတလေ ကောင်လေး
လေးယောက်ငါးယောက်လောက် ၀ိုင်းဝန်း ပိုးပန်းတာမျိုး ခံရတာမျိုး ရှိတတ်ပါတယ်။ အဲဒီအခါမှာ ကောင်မလေးတွေ စိတ်အိုက်ရလေ့ရှိပြီး အရွေးမှားလိုက်တာနဲ့ တစ်ဘ၀စာတော့ သွားပါပြီ ဆိုပြီး နောင်တရရတတ်ပါတယ်။ ဒီတော့ အဲဒီလို အခြေအနေမျိုးဆို အောက်ပါအချက်ကလေးတွေ လုပ်ပြီး ဆန်းစစ်နိုင်ပါတယ်။
၁။ သိအောင်လေ့လာပါ။
ကိုယ့်ကို ကြိုက်နေတဲ့ ကောင်လေးတွေအကြောင်း သင် ဂဃနဏ သိထားမှ ဖြစ်ပါမယ်။ ဘယ်သူကတော့ဖြင့် ပွေတယ်၊ ဘယ်သူကတော့ဖြင့် လောင်းကစားသမား၊ ဘယ်သူကတော့ဖြင့် ပိုက်ဆံ အချေးအငှားထူတယ် စသဖြင့် တစ်ယောက်ချင်းရဲ့ ကာရိုက်တာကို သိနိုင်သမျှ သိအောင် လေ့လာပါ။
၂။ အနာဂတ်အစီအစဉ်အကြောင်း တီးခေါက်ကြည့်ပါ။
ကောင်လေးတွေကို အနာဂတ်အစီအစဉ်အကြောင်း တီးခေါက်ကြည့်တဲ့အခါမှာ သူတို့ရဲ့ ဘ၀အပေါ်
လက်ခံထားမှု အလေးအနက်ထားမှု ရှိမရှိ သိနိုင်ပါတယ်။ တစ်ချို့တွေကတော့ ရည်းစားတစ်ယောက်တော့ ထားချင်တယ် အလုပ်က အခုထက်ထိ မ၀င်ရသေးဘူး ဆိုတဲ့ ပုံစံမျိုးတွေလည်း ရှိတတ်ပါတယ်။
၃။ အမည်ပျက်ပါသလား သုံးသပ်ပါ။
အမည်ပျက်ဆိုတာ ခိုး ဆိုး လု မှ မဟုတ်ပါဘူး။ အချစ်နဲ့ပတ်သက်လာရင် တစ်ယောက်ယောက်ကို
မစာမနာ အသဲခွဲထားခဲ့သူဟာ အမည်ပျက်ရှိတဲ့လို့ သတ်မှတ်လို့ ရပါတယ်။ ဒါကို သင် သေချာအောင် စိစစ်စုံစမ်းဖို့ လိုပါတယ်။ မဟုတ်ရင် သူ နောက်ထပ် အသဲခွဲမယ့်သူဟာ သင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
၎။ သွေးစူတတ်သူကို သတိထားပါ။
သွေးစူတတ်သူဟာ အမှားအယွင်းများစွာကို ဒေါသနဲ့ ကျူးလွန်တတ်သူ ဖြစ်ပါတယ်။ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း နည်းသူဖြစ်ပြီး သင့်ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့သူဆိုတာ သတိချပ်ထားပါ။
၅။ အချိန်ပေးပြီး စကားပြောကြည့်ပါ။
သူတို့ကို အချိန်ပေးပြီး စကားပြောမှ သူတို့ရဲ့ အကျင့်စရိုက်နဲ့ သဘောသကန်ကို သင် ကောင်းကောင်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ပါးစပ်က အလိုက်သင့် ပြောရင်း အခြေအနေမလပ် သူတို့ကို အကဲခတ်ပါ။ သင်နဲ့ စကားပြောပါများလာတဲ့အခါ သူတို့ရဲ့ စိတ်နေစိတ်ထား၊ စည်းကမ်းရှိမှု၊ လေးစားမှုတွေကို တိုင်းတာနိုင်မှာပါ။
၆။ ကိုယ့်ခံစားချက်နဲ့ ကိုက်ညီမှု ရှိမရှိကို စမ်းစစ်ပါ။
အရည်အချင်းရှိတဲ့ မိန်းကလေးဟာ ရုပ်ဝါဒကို ဦးစားမပေးပါဘူး၊ ဦးစားပေးချင်ရင်လည်း သူ လက်ခံနိုင်တဲ့ အကျင့်စရိုက်မရှိသူဆိုရင် ဟင် ဆိုပြီး လှည့်ကြည့်သူတွေ မဟုတ်ပါဘူး။ ဒီတော့ လောလောဆယ် ရုပ်ဝါကို ဦးစားမပေးသေးဘဲ သူတို့ရဲ့ ခံစားချက်နဲ့ ကိုယ့်ခံစားချက် ကိုက်ညီမှု ရှိမရှိမှုကို ချင့်ချိန်ပါ။
၇။ သူတို့ရဲ့ ရုပ်ဝါဒကို နှိုင်းယှဉ်မှုမလုပ်ပါနဲ့။
လူဆိုတာ ကုသိုလ်ကံအရ ရုပ်ချောတဲ့သူ ရှိသလို၊ ရုပ်ဆိုးတဲ့သူ ရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက်
အရည်အချင်းကတော့ မတူကြပါဘူး။ ဒီလိုအချိန်မှာ ခံစားချက်ကို ဦးစားပေးပြီး ရုပ်ဝါဒကို နှိုင်းယှဉ်လိုက်တဲ့အခါ အရည်အချင်းအရ အသာရနေတဲ့ အဖိုးတန်လူတစ်ယောက်နဲ့ သင် လွဲခဲ့ရပြီလို့ ဆိုရမှာပါ။
၈။ ၀င်ငွေထွက်ငွေကို တွက်စစ်ပါ။
ဒါကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို ငွေမက်လို့ လုပ်တာမဟုတ်ပါဘူး။ ငွေမက်နေရင်လည်း စိန်ပွဲစား ကျောက်ပွဲစားဝိုင်းမှာ တစ်နေကုန်ထိုင်ပြီး မြှူစွယ်နေမှာပေါ့။ အခုဟာက သူတို့ရဲ့ ထွက်ငွေဝင်ငွေ မျှတမှု ရှိမရှိ စုံစမ်းခိုင်းတာက သူတို့ရဲ့ စီမံခန့်ခွဲမှုစွမ်းအား၊ ငွေကို ဘယ်လိုတန်ဖိုးထားသလဲ၊ မိသားစု အသီးအသီးအပေါ်မှာ ထောက်ပံ့ထားတဲ့ ကိုယ်ချင်းစာစိတ်၊ အသုံးနဲ့အဖြုန်း ကွဲသလား ဆိုတာတွေကို သင် သိရှိနိုင်ပါလိမ့်မယ်။
၉။ ဘယ်သူနဲ့ စကားပြောရတာကို ပိုနှစ်သက်မိသလဲ။
လူအချင်းချင်းမှာ စွဲဆောင်မှုက အမျိုးမျိုးရှိတယ်၊ တစ်ချို့ကကျတော့ စကားအရာမှာ မှော်အောင်နေ
တတ်ပါတယ်။ ဒါကို ခေတ်အသုံးရ တော်ကီကြွယ်တယ်ပေါ့။ ဒါပေမယ့် အနှစ်သာရ ပါဝင်မှုရှိမရှိကိုတော့ သင့်မှာရှိတဲ့ ပညာအခံနဲ့ ဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။ ဒီထဲကမှ ဘယ်သူ့စကားဟာ ပိုပြီး အနှစ်သာရရှိသလဲဆိုတာ ဆုံးဖြတ်ရတာပါ။
၁၀။ အလုပ်ကြိုးစားသူ
သင်ဟာ အချိန်ပေးလေ့လာတာနဲ့အမျှ သူတို့ရဲ့ အလုပ်ခွင်မှာ ဘယ်လို ကြိုးစားတယ်ကအစ သိလာရမှာပါ။ ဒီနေရာမှာ တစ်ခု ဖြတ်ပြောချင်တာက အလုပ်ကို မကြည့်ပါနဲ့၊ ကြိုးစားမှုကိုပဲ ကြည့်ပါ၊ ဖြစ်နိုင်ရင် ၀ီရိယနဲ့ ဇွဲလုံ့လကိုလည်း မြင်အောင် ကြည့်တတ်ပါစေ။
နတ်စည်တော် (ShweMOM)
Credit: ShweMOM
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment