Monday, March 14, 2016

"ရိုးရှင်းမှ တကယ်လှတာ ဖြစ်ကြောင်း သက်သေပြ"


"ရိုးရှင်းမှ တကယ်လှတာ ဖြစ်ကြောင်း သက်သေပြ"

ရိုးရှင်းသော မျက်နှာလေးကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးသည်သာ တကယ် ဆွဲဆောင်မှုရှိသူများ ဖြစ်ကြောင်း လေ့လာမှုတစ်ခုက သက်သေပြလိုက်ပြီ ဖြစ်သည်။

ပါရီတက္ကသိုလ်မှ ယူလီယန်ရေးနိုး ဦးဆောင်သော အဖွဲ့သည် ကော့ကေးဆပ်ဒေသမှ အသက် (၁၈ နှစ်မှ ၂၆) နှစ်ကြား အမျိုးသမီးများအား Canon EOS 20D ကင်မရာဖြင့် ရိုက်ကူးခဲ့သည်။ ယင်းနောက်တွင်  အမျိုးသားများ (၁၆၉) ဦးအား ဓာတ်ပုံ (၃၀) ပေးကာ သုည (ဆွဲဆောင်မှု လုံးဝမရှိ) မှ ၂၀ (ဆွဲ ဆောင်မှုအရှိဆုံး) အထိ အဆင့် သတ်မှတ်ပေးရန် ပြောဆိုခဲ့သည်။

အလေ့လာခံ အမျိုးသားများသည် ရိုးရှင်းပြီး လိင်ဆွဲဆောင်မှု မရှိသည့် မျက်နှာပိုင်ရှင် အမျိုးသမီးများအား ချစ်စရာကောင်းသူများ၊ လှပသူများဟု ပြောဆိုကာ အမှတ်များစွာ ပေးခဲ့ကြသည်။ အကြောင်းမှာ လူ့ဦးနှောက်သည် ရိုးရှင်းသော မျက်နှာများအား ပိုမို မှတ်သားနိုင်သောကြောင့် ဖြစ်ကြောင်း ရေးနိုးက ပြောသည်။

ထိုနည်းတူပင် ရိုးရှင်းသော အမှတ်တံဆိပ်များက ရှုပ်ထွေးသော တံဆိပ်များထက် ပိုမို လူကြိုက်များ အောင်မြင်ရကြောင်းကိုလည်း ယခု လေ့လာမှုက သက်သေပြလိုက်ပြီ ဖြစ်သည်။ ဥပမာပေး ရလျှင် Nike နှင့် Coke တို့၏ ကုန်ပစ္စည်းတံဆိပ်များမှာ ရိုးရှင်းပြီး မှတ်သားရ လွယ်ကူသောကြောင့် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိခဲ့သည်။

ထို့ပြင် ယခုလေ့လာမှုက စိတ်နေစိတ်ထားကို ဖော်ပြသော စတစ်ကာလေးများ သို့မဟုတ် အီမိုတီကွန်များနှင့် ပတ်သက်၍လည်း ရှင်းပြနေသည်။ “အစက်နှစ်စက် ရှိမယ်၊ မျဉ်းကောက်လေးတစ်ခု ရှိမယ်၊ ဒါဆိုရင် အပြုံးလို့ လူတိုင်းက သိကြတယ်၊ ရိုးရိုးရှင်းရှင်းပဲလေ ဟု ကွင်းစလန် တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ ဘီလ်ဖွန်ဟစ်ပယ်က ပြောဆိုခဲ့သည်။

မွန်ရဲ

Credit: messenger

No comments:

Post a Comment