Sunday, March 20, 2016

"ထွေးပွေ့ခံရခြင်းရဲ့ ကောင်းကျိုး (၇) ခု"


"ထွေးပွေ့ခံရခြင်းရဲ့ ကောင်းကျိုး (၇) ခု"

ချစ်တဲ့လူတွေရဲ့ ထွေးပွေ့မှု ခံယူရသူတွေက ပိုကျန်းမာလေ့ရှိပါတယ်။

အချင်းချင်း ချစ်ခင်ရင်းနှီးမှု တိုးပွားစေတဲ့ အမူအရာတွေထဲမှာ ထွေးပွေ့ခြင်းလည်း ပါဝင်ပါတယ်။ လူအချင်းချင်းသာကမဘဲ တိရစ္ဆာန်လေးတွေကို ထွေးပွေ့ပေးထားရင်လည်း ကိုယ့်ကို ရင်းနှီးလာတာ တွေ့ဖူးမှာပါ။ ထွေးပွေ့ခြင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုးတွေ အများကြီး ရှိနေလို့ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် ထွေးပွေ့ပေးထားသင့်ပါတယ်။

ထွေးပွေ့ခြင်းရဲ့ ကောင်းကျိုးတွေကတော့ -

၁။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
၂။ သွေးဖိအား ကျဆင်းစေပြီး သွေးပေါင်ချိန် မှန်စေပါတယ်။
၃။ ခန္ဓာကိုယ်တွင်းမှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ တိုးပွားလာစေတယ်။
၎။ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ လျော့ကျစေတယ်။
၅။ မှတ်ဉာဏ်အားကို တိုးပွားစေနိုင်ပါတယ်။
၆။ ပေါင်းသင်းဆက်ဆံရေး တိုးတက် ကောင်းမွန်စေနိုင်တယ်။
၇။ အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ သတ္တိတွေ တိုးပွားလာစေပါတယ်။

Source : Wellnessbin

Credit: duwun

No comments:

Post a Comment