Friday, March 25, 2016

"နွေရာသီကာလမှာ သတိပြု လုပ်ဆောင်သင့်တဲ့ အချက်များ"


"နွေရာသီကာလမှာ သတိပြု လုပ်ဆောင်သင့်တဲ့ အချက်များ"

နေရောင်ခြည် အရှိန်ပူပြင်းတဲ့ရာသီ ရောက်လာပါပြီ။ တစ်နေ့ထက်တစ်နေ့ ပိုပူနွေးလာပြီး စိတ်ကသိကအောက် ဖြစ်လာခြင်းနဲ့အတူ သင့် နေ့စဉ် နေထိုင်မှုပုံစံကိုလည်း အနည်းငယ် ညှိဖို့ လိုအပ်ပါတယ်။ ဒီရက်ပိုင်းအတွင်း လုပ်ဆောင်သင့်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အစားအသောက်ကို ရွေးချယ်တတ်ပါစေ

နွေရာသီက အစာအဆိပ်သင့် အန္တရာယ်နဲ့ တခြား အစားသောက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ သယ်ဆောင်လာတတ်ပါတယ်။ မိမိကိုယ့်ကိုယ် ဒီရောဂါများနဲ့ ကင်းဝေးစေဖို့ အိမ်ချက် အစားအစာ စားပေးပါ။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာတွေ ရှိနေတဲ့အချိန်မှာ လမ်းဘေး အစားအစာတွေ မှီဝဲစားသုံးပြီး ကိုယ့်ကိုယ်ကို နာမကျန်းဖြစ်အောင် ဘာကြောင့် လုပ်ရမှာလဲ။

သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ စားပါ

အပြင်စာတွေ စားမယ့်အစား သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ အသုတ်စားတာ ရပ်မယ့်အချိန် ရောက်ပါပြီ။ အာသာပြေစေတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားကြည့်ပါ။ ရေဓာတ် ဖြည့်တင်းပေးပါလိမ့်မယ်။ ရေဓာတ်ထိန်းသိမ်းဖို့ သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးပျော်ရည်တွေလည်း သောက်နိုင်ပါတယ်။

ရေ အလုံအလောက် သောက်ပါ

ကျန်းကျန်းမာမာ ဖြစ်နေဖို့ အဓိကသော့ချက်က လုံလောက်တဲ့ ရေပမာဏ သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။

တစ်နေ့ ရေ နှစ်ခါချိုးပါ

တစ်နေကုန်အလုပ် ပင်ပန်းပြီး ရထား၊ ဘတ်စ်ကားစီးပြီးနောက် ပြန်လည် လန်းဆန်းစေနိုင်တဲ့ တစ်ခုတည်းသော အချက်က ရေမိုးချိုးခြင်းပဲ ဖြစ်ပါတယ်။ သန့်သန့်ပျံ့ပျံ့ နေထိုင်ခြင်းက လူကို လန်းဆန်း သွက်လက်စေရုံမက ရောဂါဘယတွေနဲ့ ကင်းဝေးစေမှာ ဖြစ်တယ်။

နေပူခံလိမ်းဆေး သုံးပါ

အသားနေလောင်ခြင်းမှ ကာကွယ်ပါ။ အပြင်ထွက်တိုင်း နေပူခံလိမ်းဆေး လိမ်းပေးပါ။ နောက် နေရောင်ထိတတ်တဲ့ နေရာတိုင်းကို လိမ်းပေးပါ။ မျက်နှာကိုတော့ ချန်ထားရပါမယ်။ သင့်ခန္ဓာကိုယ်ကို မြင်းကျားလို ဖြစ်စေချင်မှာ မဟုတ်ပါ။

အဝတ်အထည်ကို အမြော်အမြင်ရှိရှိ ရွေးချယ်ပါ

အနက်ရောင်ကိုတော့ ခေါင်းခဏမေ့ထားပါ။ အရောင်ဖျော့ဖျော့လေးတွေ ဝတ်ကြည့်ပြီး ကသိကအောက် ဖြစ်စေနိုင်တဲ့ သားရေ၊ အိစက်တဲ့ဟာတွေနဲ့ တခြားအထည်သားတွေ ခဏမေ့ထားပါ။ နေသာထိုင်သာဖြစ်အောင် ချည်သားတွေ ဝတ်ဆင်ပါ။

Ref: Skymetweather

Credit: Trend Myanmar

No comments:

Post a Comment