Tuesday, March 29, 2016
"အသွင်တူရာသာ မိတ် ဖြစ်တတ်ကြောင်း သက်သေပြ"
"အသွင်တူရာသာ မိတ် ဖြစ်တတ်ကြောင်း သက်သေပြ"
ရုပ်ရည် ဆွဲဆောင်မှုရှိသည်ဟု သတ်မှတ်ခံရသူ များသည် လူမှုရေးဆိုင်ရာ အခြေအနေများတွင် အလားတူ ရုပ်ရည် ဆွဲဆောင်မှုရှိသူများနှင့်သာ ပေါင်းသင်းလေ့ရှိကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။
ထို့ပြင် ဆွဲဆောင်မှုရှိသော အမျိုးသမီးများသည် အုပ်စုတစ်စု၏ အလယ်တွင် ရှိနေတတ်ကြောင်း သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။ နယူးဇီလန်ရှိ အိုတာဂို တက္ကသိုလ်၊ အောက်စဖာ့ဒ် တက္ကသိုလ်တို့မှ ပညာရှင်များသည် နယူးဇီလန် ဒူနဲဒင်ရှိ အားကစားရုံတစ်ခု၏ ခေါင်မိုးတွင် ကင်မရာများ လျှို့ဝှက် တပ်ဆင်ပြီး လေ့လာမှုကို ပြုလုပ်ခဲ့သည်။
ပညာရှင်များသည် တစ်ဦးနှင့်တစ်ဦး မသိရှိကြသည့် လူ (၁၇၂) ဦး တို့အား အုပ်စုများဖွဲ့ရန် ညွှန်ကြားခဲ့သည်။ အလေ့လာခံများအား လူဦးရေ မည်ရွေ့မည်မျှ သတ်မှတ်ထားခြင်းမရှိဘဲ အုပ်စုဖွဲ့နိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။ အလေ့လာခံများအား အကျယ် (၆၀၀) စတုရန်းမီတာ ရှိသည့် နယ်ပယ်အတွင်း ရှစ်ကြိမ်တိုင်တိုင် အုပ်စု ဖွဲ့စေခဲ့သည်။
အလေ့လာခံများကို အစောပိုင်းတွင် ဓာတ်ပုံရိုက်ထားပြီး အခြား သုတေသနအဖွဲ့အား ၄င်းတို့၏ ဆွဲဆောင်မှု အဆင့်ကို ဆုံးဖြတ်စေခဲ့ပြီး ဖြစ်သည်။ အလေ့လာခံများသည် ပျမ်းမျှအားဖြင့် ခြောက်ယောက်လျှင် တစ်အုပ်စု ဖွဲ့လေ့ရှိပြီး ၄င်းတို့နည်းတူ ဆွဲဆောင်မှုရှိသူများနှင့်သာ အုပ်စုဖွဲ့လေ့ရှိကြောင်း အိုတာဂိုရှိ စိတ်ပညာဋ္ဌာနမှ ပါမောက္ခ ဂျမင်ဟယ်ဘာစတတ်က ပြောဆိုခဲ့သည်။ ထို့ပြင် အမျိုးသမီးများနှင့် ဆွဲဆောင်မှုရှိသူများသည် အမျိုးသားများနှင့် ဆွဲဆောင်မှု မရှိသူများထက် အုပ်စု၏ အလယ်ဗဟိုတွင် နေရလေ့ရှိကြောင်းကိုလည်း တွေ့ရှိခဲ့သည်။
ယခုတွေ့ရှိမှုက အသွင်တူရာသာ မိတ်ဖြစ်လေ့ရှိသည် ဆိုသည့် အချက်ကို အပြည့်အ၀ ထောက်ခံနိုင်ဦးမည် မဟုတ်သော်လည်း လူများသည် ကိုယ့်နည်းတူ ဆွဲဆောင်မှုရှိသူများကိုသာ အပေါင်းအသင်း လုပ်ချင်သည့်စိတ် ရှိသည်ဟူ၍တော့ ပြောလို့ရကြောင်း ပါမောက္ခ ဟယ်ဘာစတတ်က ပြောသည်။
လူလူငြိမ်း
Credit: messenger
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment