Cassandra Bankson ဆိုသူ အမျိုးသမီးဟာ မျက်နှာမှာရှိတဲ့ အဖုအပိန့်တွေကို မိတ်ကပ်နဲ့ ဖုံးအုပ်ပြခဲ့ပြီး နာမည်ကြီးလာခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ပဲ ဖြစ်ပါတယ်။
အံ့အားသင့်စရာကောင်းတဲ့ ဆေးပညာလေ့လာမှု တစ်ခုအဖြစ် သူမရဲ့မျိုးပွားအင်္ဂါမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ သူမကိုယ်တိုင် သူမဆီမှာ မိန်းမလိင်အင်္ဂါ ၂ခု ရှိနေတယ်ဆိုတာကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ သူမမှာ သားအိမ် ၂ခု ရှိတယ်လို့လည်း ဆိုပါတယ်။
နှစ်ပေါင်းများစွာ ဓမ္မတာပြင်းထန်စွာလာခြင်းနဲ့ ကျောနာတဲ့ ဝေဒနာတွေကို ခံစားခဲ့ရပြီးတဲ့နောက် သူမဟာ တစ်လကို ဓမ္မတာ ၂ ခါလာတာကို သိရှိခဲ့ပါတယ်။
အရင်တုန်းက သူမဟာ သူမမှာ မိန်းမလိင်အင်္ဂါ ၂ခု ပါနေတာကို မသိခဲ့ရတာကတော့ သူ့မှာ မိန်းမအင်္ဂါစပ် တစ်ခုသာ ပါဝင်နေလို့ပါ။
သူမဟာ အပြင်ပန်းကြည့်ရင်တော့ သာမန်ပုံစံပဲဖြစ်ပြီး မျိုးပွားအင်္ဂါ ၂ခု ရှိနေတာကတော့ ဘယ်သူမှသိမှာ မဟုတ်ပါဘူး။
တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတော့ သူမဟာ ဆေးကုသမှု ခံယူပါက သူမရဲ့ ဓမ္မတာနဲ့ လိင်ပိုင်းဆိုင်ရာ ဘဝတစ်ခုကို ဆုံးရှုံးသွားနိုင်တယ်လို့ သူမက ဆိုထားပါတယ်။
Ref:elitedaily
Credit: Trend Myanmar
Monday, May 4, 2015
"မိန်းမလိင်အင်္ဂါ နှစ်ခုပါတဲ့ မော်ဒယ်လ်ကောင်မလေး"
Labels:
ထူးဆန်းဖွယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment