Monday, May 4, 2015

"ကမ္ဘာ့အရှည်ဆုံး မောင်းကန်တံတား Chongqing မှာ ဖွင့်လှစ်"

"ကမ္ဘာ့အရှည်ဆုံး မောင်းကန်တံတား Chongqing မှာ ဖွင့်လှစ်"

အုပ်မိုးထားတဲ့ အရှည် ၂၆.၆၈ မီတာရှိကာ Colorado Grand Canyon Skywalk ထက် ၅.၃၄ မီတာ ပိုမိုရှည်လျားတဲ့ Cloud Bridge ခေါ် နံရံမှ ထိုးထွက်နေတဲ့ ကမ္ဘာ့အရှည်ဆုံး မောင်းကန်တံတားဟာ အင်ဂျင်နီယာတွေရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်ပါတယ်။

ယင်းမောင်းကန်တံတားဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing မြို့ရှိ Shisun မြစ်အထက် ၁၀၁၀ မီတာနဲ့ ၇၁၈ မီတာ အမြင့်တစ်နေရာမှာ တည်ရှိပါတယ်။ ဧပြီလအကုန်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အပြီးသတ်ချိန်အထိ သုံးစွဲငွေယွမ် ၃၅ မီလီယံ ($5.6m) ကျော် ကုန်ကျခဲ့ကြောင်း သိရပါတယ်။

Ref: Xinhua
Credit: Trend Myanmar


No comments:

Post a Comment