"ပက်လက်အိပ်ခြင်းနှင့် ညာဘက်စောင်း အိပ်ခြင်းက ကိုယ်ဝန်ဆောင် မိခင်များအတွက် အန္တရာယ် ဖြစ်နိုင်ခြေများ"
ကိုယ်ဝန်ဆောင် မိခင်တွေ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး သုတေသနပညာရှင်တွေက သုတေသန ပြုလုပ်ခဲ့ပါတယ်။ သူတို့ သုတေသနကနေ ကိုယ်ဝန်ဆောင် မိခင်တွေ အိပ်စက်မှု ပုံစံကြောင့် ကလေးအသေ မွေးဖွားမှုတွေ ရှိလာတယ်ဆိုတာကို တွေ့လာရပါတယ်။ ကိုယ်ဝန် သက်တမ်းရင့်ချိန်မှာ အိပ်စက်မှု ပုံစံက အရေးပါလာပါတယ်။
အင်္ဂလန်နိုင်ငံ၊ အောက်ကလန် တက္ကသိုလ်က သုတေသန ပညာရှင်တွေက ကလေးအသေ မွေးဖွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၅၅ ယောက်နဲ့ ကျန်းမာစွာ ကိုယ်ဝန်ဆောင် ကလေးမွေးဖွားနိုင်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ၃၁၀ ကို လေ့လာ သုတေသနပြုလုပ်ခဲ့ပါတယ်။ ပက်လက်အိပ်စက်တဲ့ အမျိုးသမီးတွေနဲ့ ညာဘက်ကို စောင်းအိပ်တဲ့ အမျိုးသမီးတွေဟာ ဘယ်ဘက်ကို စောင်းအိပ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထက် အန္တရာယ်ဖြစ်နိုင်ခြေ နှစ်ဆ များတယ်လို့ အဲဒီ သုတေသနက တွေ့ရှိထားပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁,၀၀၀ မှာ လေးယောက်လောက်သာ ဒီလို အန္တရာယ် ဖြစ်နိုင်ခြေနှစ်ဆ ပိုတာဖြစ်တယ်လို့ ဆိုပါတယ်။
Credit : Aungminkyaw051178
Tuesday, May 5, 2015
"ပက်လက်အိပ်ခြင်းနှင့် ညာဘက်စောင်း အိပ်ခြင်းက ကိုယ်ဝန်ဆောင် မိခင်များအတွက် အန္တရာယ် ဖြစ်နိုင်ခြေများ"
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment