Monday, June 1, 2015
"ကြောင်လေးတွေရဲ့ လျှာနဲ့ အလျက်မခံမိကြစေဖို့ သတိပြုသင့်"
"ကြောင်လေးတွေရဲ့ လျှာနဲ့ အလျက်မခံမိကြစေဖို့ သတိပြုသင့်"
Janese Walters ဆိုတဲ့ အမျိုးသမီးဟာ တစ်မနက် အိပ်ရာမှထပြီး သူမရဲ့ ဘယ်ဘက်မျက်လုံးက ဘာမှ မမြင်ရတော့တာကို သိလိုက်ရပါတယ်။ သတိပေးချက်မရှိ၊ ယခင်ကလည်း ဘာရောဂါမှ တွေ့ရှိထားတာလည်းမဟုတ်၊ မျက်စိ မမြင်ရတော့တဲ့ အကြောင်းအရင်းကို ချက်ချင်းစဉ်းစား အဖြေထုတ်လို့ မရ ဖြစ်နေခဲ့ပါတယ်။ ဆရာဝန်တွေလည်း လုံးဝ အကျပ်ရိုက်သွားခဲ့ရပါတယ်။
နောက်ပိုင်းတော့ သူမမှာ ကြောင်တစ်ကောင် ရှိကြောင်း ဆရာဝန်တွေ သိရပြီး အံ့အားသင့်စရာ ရောဂါရှာဖွေတွေ့ရှိချက် လုပ်နိုင်ခဲ့ပါတယ်။ ကြောင်သွားရည်ကနေတဆင့် ဘက်တီးရီးယားကနေ လာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ ကြောင်လက်သည်းခြစ်ရာ (cat scratch) သူမမှာ ရှိကြောင်း တွေ့ရှိခဲ့ရတာကြောင့်ပါ။
သို့ပေမယ့် ကြောင် ၄၀% ခန့်ကသာ ကြောင်လက်သည်းခြစ်ရာမှ တဆင့် ဖြစ်တဲ့ရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးတွေ သယ်ဆောင်ပြီး မိမိချစ်တဲ့ ကြောင်လေးတွေနဲ့ ကစားပြီးတိုင်း လက်ကို သေချာဆေးပေးဖို့ သတိရမယ်ဆိုရင် ကာကွယ်လို့ ရပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment