Monday, June 1, 2015

"သင့်ချစ်သူကောင်လေးဟာ ဒီအချက် (၁၂ ) ချက်အတိုင်း ပြုမူသူတစ်ယောက်ဆိုရင် သူဟာ သင့်ကို အဆုံးထိ သစ္စာရှိရှိ ချစ်သွားမယ့် သူသာ"


"သင့်ချစ်သူကောင်လေးဟာ ဒီအချက် (၁၂ ) ချက်အတိုင်း ပြုမူသူတစ်ယောက်ဆိုရင် သူဟာ သင့်ကို အဆုံးထိ သစ္စာရှိရှိ ချစ်သွားမယ့် သူသာ"

လူတစ်ယောက်ဟာ ဘယ်လိုပြုမူမယ်၊ ဘယ်လိုပြောဆိုမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံမယ်ဆိုရင် ဒီလူဟာ သစ္စာရှိတဲ့သူ တစ်ယောက်လား၊ နားလည်ပေးတတ်တဲ့သူတစ်ယောက်လား စသဖြင့် ခန့်မှန်းနိုင်တဲ့ အချက်လေးတွေ ရှိနေပြီးသားပါ။ ခုဖော်ပြပေးမယ့် အချက်တွေဟာ စစ်တမ်းကောက်ချက်အရ သိထားရတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းသော ယောင်္ကျားတွေဟာ သစ္စာမရှိကြသလို ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာလည်း သစ္စာမရှိကြပါဘူးတဲ့။ ဒါဆို ဘယ်လိုလူမျိုးတွေက သစ္စာရှိတဲ့သူတွေ ဖြစ်မလဲ ဒီအချက်လေးတွေကတစ်ဆင့် ခန့်မှန်းကြရအောင်။

၁။ သင့်ချစ်သူဟာ သင့်မကောင်းကြောင်း တစ်ခြားသူက ပြောလာတဲ့အခါ ဘယ်တော့မှ မယုံမကြည် မဖြစ်ဘူး။

၂။သင့်သူငယ်ချင်းတွေနဲ့ ခင်မင်သွားပေမယ့် စကားပြောတဲ့အခါမှာတောင် စည်းမကျော်ပဲ လေးလေးစားစား ပြောဆိုဆက်ဆံတတ်တယ်။

၃။သင်နဲ့ သူ့ကြားမှာ ဘာလျို့ဝှက်ချက်မှ မထားတတ်ဘူး။

၎။ဘယ်လိုကိစ္စရပ်မျိုးတွေက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေမလဲ သိနေတာကြောင့် ရှောင်ကြဉ်ပြောဆိုပြုမူတတ်တယ်။

၅။သူ့အချစ်ဟာ သူငယ်ချင်းဆန်တဲ့ အချစ်မျိုးလည်းဖြစ်သလို ချစ်သူရည်းစားတွေ ချစ်ကြသလိုဆိုလည်း ဟုတ်တယ်။

၆။အလုပ်မှာလည်း ဘာသံညာသံမှ မကြားရအောင် ကင်းကင်းရှင်းရှင်း နေတတ်တယ်။

၇။သင်နဲ့ပတ်သက်ပြီး ချီးမွမ်းပြောဆိုတတ်တယ်။ သင့်လိုရည်းစားမျိုး ချစ်သူမျိုး သူရတဲ့အတွက် ဘယ်လောက်ကံကောင်းကြောင်း ပြောဆိုလေ့ရှိတယ်။

၈။ချစ်သူရည်းစား၊ အိမ်ထောင်သည်ဘ၀မှာ ချစ်တင်းနှီးနှောတာဟာ ဘယ်လောက်အရေးပါကြောင်း သူသိတယ်။

၉။မြှောက်ပင့်ပြောဆိုနေတာမျိုး မလုပ်တတ်ပဲ စိတ်ထဲက နွေးနွေးထွေးထွေး ဆက်ဆံတာဖြစ်ကြောင်း သူ ခံစားသိရှိနေတယ်။

၁၀။ငွေရေးကြေးရေး ကိစ္စရပ်တိုင်းကို ဖွင့်ဟပြောဆို တိုင်ပင်တယ်။ ဟန်ဆောင်ပြီး ဘယ်တော့မှ မနေဘူး။

၁၁။ သူစကားပြောတဲ့အခါ ငါ့အတွက် ငါ စတဲ့ တစ်ဦးတည်းကို ဦးတည်ပြောဆိုမယ့်အစား ကိုယ်တို့နှစ်ယောက် ငါတို့အတွက် စသဖြင့် နှစ်ယောက်စလုံးကိုသာ ထည့်တွေးတတ်တယ်။ ထည့်ပြောတတ်တယ်။

၁၂။ကိုယ်နဲ့ ချစ်ကြိုက်နေချိန်အတွင်း တစ်ခြားတစ်ယောက်ဆိုတဲ့ အတွေးမျိုး မထားဘူး။ အီစီကလီလုပ်တာမျိုးလည်း လုံးဝမရှိခဲ့ဘူး။

ဒီအချက်လေးတွေနဲ့သာ သင့်ချစ်သူဟာ ပြည့်စုံတယ်ဆိုရင် သူဟာ သင့်အပေါ် သစ္စာရှိတဲ့သူ သင့်ကိုတော်တော်လေး ချစ်မြတ်နိုးသူတစ်ယောက်ဆိုတာ ပြောလိုက်ပါရစေ။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment