Thursday, June 4, 2015

"ဘယ်သူမဆို အရင်းနှီးဆုံး သူငယ်ချင်းနဲ့ မိမိယှဉ်တဲ့အခါ မိမိသာ ပိုမိုဆွဲဆောင်မှုသူရှိသူလို့ ထင်မှတ်ကြသူချည်း"


"ဘယ်သူမဆို အရင်းနှီးဆုံး သူငယ်ချင်းနဲ့ မိမိယှဉ်တဲ့အခါ မိမိသာ ပိုမိုဆွဲဆောင်မှုသူရှိသူလို့ ထင်မှတ်ကြသူချည်း"

ကိုယ်နဲ့ ကိုယ့်အခင်ဆုံးသူငယ်ချင်းတွေ ဆိုင်တစ်ခုမှာ ထိုင်နေချိန် သူစိမ်းအမျိုးသား ချောချောလေးတစ်ယောက်ရှေ့က ဖြတ်လျှောက်ရင် အဲဒီသူစိမ်းဟာ ကိုယ့်ကိုပဲ ရွေးမယ်လို့ အများစုက ယူဆကြပါတယ်။

လူတွေကို တွေ့ဆုံပေးတဲ့ ကမ္ဘာ့စိတ်ထိပ်ဆုံး ပလက်ဖောင်း Skout က လူ ၃,၃၀၆ ကို သူတို့ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ survey တစ်ခု ကွက်လပ်ဖြည့်ခိုင်းပါတယ်။ အမျိုးသား ၅၂% နဲ့ အမျိုးသမီး ၆၂% ဟာ သူတို့ ဆိုးဖော်ကောင်းဖက် သူငယ်ချင်းတွေထက် သူတို့ ပိုဆွဲဆောင်မှုပိုရှိကြတယ်လို့ ယူဆကြကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါကို မရင့်ကျက်သေးတဲ့ လက္ခဏာ တစ်ခုလို့ သင် ယူဆကောင်း ယူဆနိုင်ပေမယ့် အကျိုးသက်ရောက်မှုက အသက်အရွယ်အလိုက် တကယ် ပိုပြင်းထန်လာတယ်။ အသက် ၄၀ အရွယ်တွေမှာ သူတို့ အရင်းနှီးဆုံးသူငယ်ချင်းတွေ သူတို့လောက် ရုပ်မဖြောင့်ကြဘူးလို့ ပြောဆိုမှုတွေ အများဆုံးဖြစ်ကြောင်း Skout တွေ့ရှိခဲ့တယ်။

အမျိုးသားအများစုက သူတို့ အခင်ဆုံးမိတ်ဆွေတွေဟာ အမျိုးသားမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်လို့ မှတ်ယူကြပါတယ်။

စစ်တမ်းအရ အမျိုးသား ၄၀% မှာ အမျိုးသမီး အခင်ဆုံး မိတ်ဆွေတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် နှစ်ဦးလုံး တူညီတဲ့ ခံစားချက် အပြန်အလှန်တော့ မရှိကြပါဘူး။

သတင်းကောင်းလည်း ရှိပါသေးတယ်။ အနေဝေးလို့ မိတ်ပျက် မသွားပါဘူး။ ၄၇% ကသာ သူတို့ အချစ်ဆုံး အခင်ဆုံး မိတ်ဆွေတွေနဲ့ တစ်မြို့တည်း နေထိုင်ကြပါတယ်။ ၂၄% က အလှမ်းဝေးမှာ နေထိုင်ကြပြီး ၇% တို့က တိုင်းတစ်ပါးမှာ နေထိုင်ကြသူတွေဖြစ်ကြောင်း တွေ့ရပါတယ်။ အဲတော့ အနည်းဆုံး ခင်မင်ရင်းနှီးမှုတိုင်း အပေါ်ယံ မဟုတ်တာတော့ သေချာပါတယ်။

Ref: Yourtango

Credit: Trend Myanmar

No comments:

Post a Comment