Thursday, June 4, 2015

"ရာသီဥတုပူချိန်တွင် စားရမည့် အစားအစာများ"


"ရာသီဥတုပူချိန်တွင် စားရမည့် အစားအစာများ"

ရာသီဥတုပူချိန်တွင် အပူချိန်နှင့် စိုထိုင်းမှုကြောင့် အစာစားချင်စိတ် လျော့ကျသွားတတ်သည်။ ရာသီဥတုပူချိန်တွင် ကော်ဖီပူပူ၊ လက်ဖက်ရည်နှင့် စွပ်ပြုတ်ပူပူတို့ကဲ့သို့ ပူနွေးသော အစားအစာများကို စားသုံးပါက ခန္ဓာကိုယ် တဖြည်းဖြည်း အေးလာစေသည်ဟု လူအများ ယုံကြည်ထားကြသည်။ အမှန်တကယ် ယင်းသို့ စားသောက်ပါက မသက်မသာ ဖြစ်နိုင်သည့်အပြင် ချွေးများထွက်ခြင်းကြောင့် ပို၍ပင် ခံရခက်စေပါလိမ့်မည်။

ရာသီဥတုပူချိန်တွင် စွမ်းအင်ပြည့်စေသော ရေဓာတ်ဖြည့်တင်းနိုင်သည့် အစားအစာများ စားသုံးရန် လိုသည်။

အထူးသဖြင့် ရေဓာတ်ပြည့်ဝစွာ ပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက် များများစားပေးသင့်သည်။ သခွားသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ သရက်သီးနှင့် အခြားရေဓာတ်ပြည့်ဝစွာ ပါဝင်သည့် အသီးအနှံများကို ရွေးစားပါ။

ကျန်းမာရေးနှင့်ညီညွတ်စေမည့် ဖျော်ရည်များတွင် အုန်း(သီး) ရည်၊ လတ်ဆတ်သော သစ်သီးဖျော်ရည် (သကြားလျှော့ရန်) နှင့် သံပရာရည်၊ အဆီထုတ်ပြီးသား နွားနို့၊ သစ်သီးမစ်ရှိတ်များ ပါဝင်သည်။

ဟင်းသီးဟင်းရွက်များ၏ အဖူးအညွန့်များတွင် စိုထိုင်းဆ မြင့်မားစွာ ပါဝင်သောကြောင့် ဟင်းရွက်သုပ်များ မကြာခဏ စားသောက်ပါ။

ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းရန် ရေကို သောက်နိုင်သလောက် သောက်ပါ။

အာဟာရဓာတ်ကောင်းစွာ ရရှိရန် သဘာဝအတိုင်းဖြစ်သော ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကို စားပေးရန် မမေ့ပါနှင့်။

အဆီပါဝင်မှုမြင့်မားသော အစားအစာများ၊ ကြော်ထားသော အစားအစာများမှာ အစာချေဖျက်ရခက်ခဲသောကြောင့် မစားပါနှင့်။

သကြားဓာတ်များသော စားစရာများ၊ သောက်စရာများမှာ ရေဆာစေနိုင်သောကြောင့် မစားမသောက်ပါနှင့်။ ကဖိန်းဓာတ်ပါသော ဖျော်ရည်နှင့် အရက်တို့က ရေဓာတ်ခန်းခြောက်စေနိုင်သဖြင့် မသောက်သင့်ပါ။                                        
—Ref: TOI

Credit: 7day daily

No comments:

Post a Comment