Wednesday, June 3, 2015
"အရမ်းကြောက်တတ်သော ရာသီခွင်က ဘယ်သူဖြစ်မလဲ"
"အရမ်းကြောက်တတ်သော ရာသီခွင်က ဘယ်သူဖြစ်မလဲ"
လူ့လောကကြီးမှာ ယောင်္ကျားလေး၊ မိန်းကလေး အားလုံးကြောက်တတ်ကြမှာပါ။ ကြောက်တတ်တဲ့သူဆိုတာ သရဲအကြောင်း၊ သရဲကားဆိုရင် သေအောင်မုန်းတာပေါ့။
ဆေးရုံနားတို့၊ အိမ်အဟောင်းကြီးနားကို ဖြတ်လျှောက်ရင်ပဲ နှလုံးခုန်တာတွေပဲ ရပ်တော့မလို ခံစားဖူးမှာပါ။ ချစ်သူ၊ ရည်စားနဲ့အတူတူ သွားနေရင်တောင် ကြောက်လွန်းအားကြီးလို့ ခြေထောက်တွေတောင် တုန်နေတယ်နော်။ ကဲ ဘယ်သူကတော့ အကြောက်ဆုံးဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
၁. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူကတော့ အကြောက်ဆုံးဖြစ်ပါလိမ့်မယ်။ ရှဥ့်လေးတစ်ကောင်လိုပဲ သရဲအကြောင်းဆိုရင် အမြဲတမ်းကြောက်နေတတ်ပြီး တတ်နိုင်ရင် ကြည့်လဲမကြည့်ချင် ကြားလည်းမကြားချင်ဘူး။
၂. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
ညတစ်ယောက်တည်းနေရပြီဆိုရင် တွေးကြောက်တတ်သူ။ အသံလေးတခုခုကြားရုံနဲ့ ဘာမြင်ရမလဲဆိုပြီး ကြောက်နေပြီ။
၃. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
အချွဲသန်သော မိန်ရာသီဖွားကတော့ သူများထက်ကိုပိုပြီး ကြောက်တတ်ပါတယ်။ သရဲကားကို တစ်ယောက်တည်းမကြည့်ရဲလို့ တအိမ်သားလုံးနဲ့ကြည့်ရမှ ကျေနပ်သူပါ။
၎. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
ခြောက်ရင် အရမ်းကို ကြောက်တတ်တဲ့သူ့ကိုတော့ အရမ်းမခြောက်ပါနဲ့။ သတိမေ့သွားရင်တော့ မသိပါ။
၅. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
ကြောက်ရင် အရုပ်ကြိုးပြတ်သလို ရပ်သွားတတ်သူပါ။
၆. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
မကြောက်သလို ဟန်ဆောင်နေပင်မဲ့ တကယ်တော့ အရမ်းကို အသည်းနုသူပါ။
၇. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
ကြောက်လာပြီဆိုရင် စိတ်ဆိုးပြီး မဆိုင်သူကို ပြသာနာရှာတတ်သူပါ။
၈. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
အချိန်၊ နေရာ၊ အခြေအနေအပေါ်မှာမူတည်ပြီး ကြောက်တတ်သောသူ ဖြစ်ပါလိမ့်မယ်။
၉. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
ကြောက်တာထက် ကြောက်စရာကောင်းတာကို ကြည့်ချင်သောသူပါ။
၁၀. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
ဘာကြောင့် ကြောက်စရာကောင်းတာလဲလို့ တွေးသောသူဖြစ်ပါလိမ့်မယ်။
၁၁. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
သရဲကားဆို သိပ်ကြိုက်သောသူ။
၁၂. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
ရဲရဲတင်းတင်းကို သရဲကားကို ကြိုက်သောသူ၊ ကြောက်စရာကို ကြောက်ရကောင်းမှန်း မသိသူပါ။
Credit: Chelmo Team
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment