Wednesday, June 3, 2015

"ငါနင့်ကို......"


"ငါနင့်ကို......"

ငါနင့်ကို မမေ့ပါဘူး
နင့်စိတ်ထဲ ငါမရှိလို့
ငါနင့်ကို အေးစက်သွားတာ…။

ငါနင့်ကို မမုန်းပါဘူး
နင့်အချစ် ငါ့အတွက်မဟုတ်တော့လို့
ငါနင့်ကို ရင်မခုန်တော့တာ…။

ငါနင့်ကို မထားခဲ့ပါဘူး
နင့်ဘက်က ရှောင်ပြေးခဲ့လို့
ငါနင့်ကို မတွေ့ချင်တော့တာ…။

ငါနင့်ကို မကစားပါဘူး
နင်ကိုယ်တိုင် လှည့်စားခဲ့လို့
ငါနင့်ကို စိတ်ကုန်သွားတာ...။

No comments:

Post a Comment