Friday, June 5, 2015

"ကိုယ့်နည်းကိုယ့်ဟန် လှနည်းမှန်ဖို့"


"ကိုယ့်နည်းကိုယ့်ဟန် လှနည်းမှန်ဖို့"

ကိုယ့်နည်းကိုယ့်ဟန် လှနည်းမှန်ဖို့ မိန်းကလေးတွေအတွက် အရေးကြီးဆုံးပါ။
ကိုယ့်ရဲ့အလှဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အများရှေ့မှာ ဂုဏ်ယူလို့ရမဲ့ အလှဖြစ်ဖို့ လိုပါတယ်။
ကိုယ်ရော၊ ကိုယ့်မိသားစု အသိုင်းဝိုင်းတစ်ခုလုံးက ဂုဏ်ယူရလောက်တဲ့ အလှမျိုးနဲ့ အားလုံးကို လှစေချင်ပါတယ်။

မိန်းကလေးတိုင်းကို အတုယူလည်း မမှားစေချင်ပါဘူး။ လမ်းကြောင်းလည်း မှန်စေချင်ပါတယ်။

အများရှေ့မှောက်မှာ ဂုဏ်ယူစရာ အလှပိုင်ရှင်ဖြစ်ဖို့ဆိုတာ ရုပ်ရည်တစ်ခုတည်း အားကိုးလို့မရပါဘူး။ အနေထိုင်မှန်ကန်မှု၊ နံမည်၊ ဂုဏ်သိက္ခာ အားလုံးဟာ အရမ်းကို အရေးကြီးပါတယ်။ အခုဆိုရင် Social Media တွေဟာ အရမ်းကို ခေတ်စားပြီး တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်တဲ့အတွက် မြင်မြင်သမျှတွေ အတုခိုးသင့်မခိုးသင့် စဉ်းစားပါ။

ကိုယ့်ရဲ့ နေထိုင်သွားလာမှုပုံစံ၊ အနေထားအားလုံးဟာ သူများရဲ့ တံတွေးခွက်ထဲ မမျှောသွားပါစေနဲ့။ သူများအတုယူမှားအောင်လည်း ရှေ့ဆောင်လမ်းပြမလုပ်တာ မကောင်းဆုံးပါ။
ကိုယ်မြင်နေတဲ့ လက်တစ်ကမ်းလေးကိုပဲ ကြည့်ပြီး လမ်းမမှားပါစေနဲ့။ ကိုယ့်နောင်လာနောက်သားတွက်ပါ ကိုယ်ဟာ လက်ညိုးထိုး ကဲ့ရဲ့ခံရတာမျိုး မဖြစ်ပါစေနဲ့။


Credit :  ချစ်တဲ့... မနုဿ

No comments:

Post a Comment