"ကြောက်စရာကောင်းတဲ့ ဟောလီးဝုဒ်က သေမင်းတမန်ပြတိုက်"
လူသားတွေအပါအဝင် သတ္တဝါတွေမလွဲမသေ ကြုံတွေ့ရမယ့် သေဆုံးမှုဖြစ်စဉ်ကို သတိထားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ သေမင်းတမန်ပြတိုက်ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့က ဟောလီးဝုဒ်မှာ တွေ့နိုင်ပါတယ်။ လူသားတွေရဲ့ သေဆုံးမှုနဲ့ပတ်သတ်တဲ့ အရာမှန်သမျှကို လေ့လာနိုင်တဲ့ ပြတိုက်တစ်ခုလည်း ဖြစ်ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ လူတိုင်းမလွဲမသွေ သေဆုံးကြရမယ့် အဖြစ်ကို ကြိုတင်လက်ခံပြီး လက်ရှိအချိန်မှာ ပျော်ပျော်နေထိုင်ကြဖို့ ဆိုတဲ့အသိကို ပေးချင်တာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဒီပြတိုက်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နယူးအော်လန်မှာလည်း ပြတိုက်ခွဲတစ်ခုရှိပါတယ်။ ပြတိုက်ထဲမှာ တွေ့နိုင်တဲ့အရာတွေကတော့ သေဆုံးမှုနဲ့ သက်ဆိုင်တဲ့ အနုပညာဆန်ဆန် အသုံးအဆောင်တွေ၊ ကလေးခေါင်းတလားတွေနဲ့ စိတ္တဇ လူသတ်သမားအချို့ရဲ့ အသုံးအဆောင်ပစ္စည်းနဲ့ ရေးခဲ့တဲ့စာတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အပြင်မှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ လူသတ်သမားတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေနဲ့ ပတ်သတ်တဲ့ အရာတစ်ချို့လည်း ရှိပါတယ်။ တိရိစ္ဆာန်အရေတွေပြထားတဲ့ အခန်းတစ်ခုလည်း ရှိပါတယ်။
ပြတိုက်အတွင်း နားလို့ရတဲ့နေရာကို လုပ်ထားတာတော့ ထူးခြားပါတယ်။ သမိုင်းမှာ အုပ်စုလိုက် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ကြတဲ့သူတွေရဲ့ အိပ်ရာတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ မှုခင်းသမိုင်းမှာ နာမည်ကြီးခဲ့တဲ့ ပြင်သစ်ကစိတ္တဇလူသတ်သမား အွန်နရီလန်ဒရူးရဲ့ ဦးခေါင်းခွံကို ပြသထားတာ ဖြစ်ပါတယ်။
Ref - wikipedia
Credit: Planet Myanmar
Wednesday, June 10, 2015
"ကြောက်စရာကောင်းတဲ့ ဟောလီးဝုဒ်က သေမင်းတမန်ပြတိုက်"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment