Wednesday, June 10, 2015
"ပြဿနာတွေအပေါ် အဆိုးမြင်စိတ်နဲ့ ဖြေရှင်းတက်သူတွေ အသက်တိုလေ့ရှိ"
"ပြဿနာတွေအပေါ် အဆိုးမြင်စိတ်နဲ့ ဖြေရှင်းတက်သူတွေ အသက်တိုလေ့ရှိ"
ဖိအားကင်းကင်းနေထိုင်ပြီး ဘဝကို စိတ်အေးလက်အေး ဖြတ်သန်းသူတွေဟာ သာမန်ထက် အသက်ပိုရှည်ကြောင်း လေ့လာချက်တစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။ ပြဿနာတစ်ခု ကြုံလာတဲ့အခါ အကောင်းမြင်စိတ်နဲ့ စိတ်အေးအေးထားပြီး ဖြေရှင်းတက်တဲ့သူတွေက ပိုပြီး အသက်ရှည်တယ်လို့ ပန်ဆိုင်လ်ဗာနီးယားပြည်နယ်တက္ကသိုလ်က လေ့လာသူတွေက ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။
လေ့လာချက်အရ အကောင်းမြင်စိတ်ဟာ ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းဓါတ်ပြုစေမှုကို လျှော့ချပေးပါတယ်။ နေ့စဉ်အလုပ်ခွင်နဲ့ လူမှုဘဝတွေမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုနဲ့ ဖိအားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အဖြေထုတ်ဖို့အတွက် ဒီစစ်တမ်းကို လုပ်ခဲ့ကြတာပါ။ အထူးသဖြင့်တော့ ဖိအားတွေကို စိတ်အေးလက်အေး မဖြေရှင်းနိုင်တဲ့ အမျိုးသမီးတွေဟာ သာမန်ထက်ပိုအသက်တိုလေ့ရှိကြပါတယ်။ နေ့စဉ်သာ ဒီလိုဖြစ်ခဲ့မယ် ဆိုရင်တော့ အဲဒီသူရဲ့ သက်တမ်းဟာ တကယ်ပဲတိုလာမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုသမီး၊ အမျိုးသား ၈၇၂ ဦးကို စစ်တမ်းကောက်ယူပြီး လေ့လာခဲ့တာဖြစ်ပါတယ်။
"ဖိအားတွေရှိနေမယ်ဆိုရင်တောင် အကေင်းမြင်စိတ်ရှိခဲ့ရင် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။ အားလုံးကိုခြုံကြည့်ရင်တော့ ဒါအမှန်ပါပဲ’’ လို့ လေ့လာပြုစုသူတွေထဲက နန်စီစင်းက ပြောပါတယ်။
ဖိအားတွေရင်ဆိုင်နေရတဲ့အချိန် အဆိုးမြင်စိတ်ထားခဲ့ရင် လက်တလောအနေနဲ့ နေမကောင်းဖြစ်တက်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွေ့အကြုံက ချက်ခြင်း ပြန်လည်ထိန်းမတ်ပေးနိုင်ပါတယ်။ ရေရှည်မှာတော့ ပြဿနာတွေအပေါ် အဆိုးမြင်စိတ်နဲ့ ဒေါသတကြီး ဖြေရှင်းတက်ရင် အသက်တိုဖို့ များပါတယ်။
Planet Myanmar
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment