Thursday, June 4, 2015
"ဂိမ်းဂျိုးတစ်ယောက်ဟာ ဒီအကျိုးကျေးဇူးတွေ ရရှိခံစားနိုင်တာ"
"ဂိမ်းဂျိုးတစ်ယောက်ဟာ ဒီအကျိုးကျေးဇူးတွေ ရရှိခံစားနိုင်တာ"
ဗီဒီယိုဂိမ်းတွေ ဆော့တယ်ဆိုတာ အချိန်ဖြုန်းနေတာပဲ၊ အကြမ်းဖက် သတ်ဖြတ်ချင်စိတ်တွေ ဖြစ်လာအောင် ဦးတည်နေတာပဲ ဆိုတဲ့ ခေတ်တွေ ကျန်ခဲ့ပါပြီ။ Gamer တစ်ယောက်မှာလည်း သူ ကိုယ်ပိုင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ယုံကြည်လာအောင် သိပ္ပံပညာက ယုတ္တိရှိတဲ့ အကြောင်းပြချက် လုံလုံလောက်လောက် သယ်ဆောင်လာခဲ့ပါပြီ။ ကဲ Gamer တို့ရေ။ ဘယ်လိုအကျိုးကျေးဇူးလေးတွေ ခင်ဗျားတို့ ခံစားရရှိနေသလဲ ဖတ်ကြည့်ရအောင်။
၁။ ကိုယ်လက်ကြံ့ခိုင်မှုကို မြှင့်တင်ပေးတယ်။
တကယ်လို့ ခင်ဗျားဟာ တစ်နေကုန် ဖင်ချထိုင်ပြီး ဂိမ်းဆော့နေတဲ့လူဆိုရင်တော့ ဘယ်အရာကမှ ခင်ဗျားကို မကယ်တင်နိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားမှုအသားပေးဂိမ်းတွေကို အကူပစ္စည်းနဲ့ ဆော့ရတဲ့ Nintendo Wii, Playstation Move နဲ့ Xbox Kinect တို့ ဆော့မယ်ဆိုရင်တော့ ပျော်ရမယ့် အချက်လေးတွေ ရှိပါတယ်။ လှုပ်ရှားမှုဂိမ်းတွေဟာ ကိုယ်လက်ကြံ့ခိုင်မှုအပြင် ပေါ့ပါးဖျတ်လတ်မှုတို့အတွက် လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ပေးလိုက်ပါပြီ။ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်းအားဖြင့် သင့်ရဲ့ ကိုယ်လက်ကြံ့ခိုင်မှု အခြေအနေကို တိုးတက်စေနိုင်ပါတယ်။
၂။ ဥာဏ်ရည်ဥာဏ်သွေးနဲ့ တုံ့ပြန်မှုစွမ်းရည်ကို မြင့်တက်စေတယ်။
သင့်ရဲ့ ဂိမ်းကစားတဲ့ အရည်အချင်းတွေကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်မယ်ဆိုရင် သင့်ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အမြင့်ဆုံးရောက်အောင် လုပ်နိုင်ပါတယ်။ Gamer တစ်ယောက်ဟာ မှတ်ဥာဏ်စူးရှဖို့ လိုပြီး တခြားအကျိုးလည်း ရနိုင်ပါသေးတယ်။ ဂိမ်းကစားခြင်းဟာ မှတ်ဥာဏ်တွေကို စူးရှစေယုံမက သင့်ရဲ့ တုံ့ပြန်နိုင်မှု စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဂိမ်းကစားတာဟာ သင့်ရဲ့ ဦးနှောက်ကို ထက်မြက်လာအောင်လို့  လေ့ကျင့်မောင်းနှင်နေတာနဲ့ တူပါတယ်။
၃။ အမြင်အာရုံစူးစိုက်နိုင်မှု တိုးတက်ကောင်းမွန်စေတယ်။
ဂိမ်းထဲမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုမရှိဘဲ သင်ကစားနေတဲ့ ဂိမ်းကို အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဗီဒီယိုဂိမ်းတွေဟာ အမြင်အာရုံ ချို့တဲ့နေတဲ့လူတွေမှာ အမြင်အာရုံ ပြန်လည်ရရှိလာစေတယ်ဆိုတဲ့အကြောင်း သုတေသနပြု လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ လှုပ်ရှားပြီး ဂိမ်းကစားခြင်းက အာရုံစူးစိုက်နိုင်မှု မြင့်တက်စေတယ်တဲ့အချက်ကို စစ်ဘက်ဆိုင်ရာအတွက် စစ်သားတွေကို လေ့ကျင့်ပေးတဲ့ နေရာမှာတောင် အသုံးဝင်လာပါပြီ။
၎။ စိတ်ကျမှုကို တိုက်ဖျက်ပေးတယ်။
ကျည်ဆံသံတွေ၊ အရှိန်အမြင့်ဆုံးနဲ့ ပြိုင်နေတဲ့ ကားတွေရဲ့အသံလောက် ဘယ်ဂီတကမှ ယောင်္ကျား တစ်ယောက်အတွက် ပိုမကောင်းနိုင်ပါဘူး။ လေ့လာမှုတွေအရ ဂိမ်းကစားတာဟာ စိတ်ကျရောဂါ ၀င်ရောက်မှုနဲ့ ဖိအားတွေကို အမှန်တကယ် တိုက်ဖျက်နိုင်တယ်လို့ သိရပါတယ်။
၅။ သင့်ရဲ့အိပ်မက်တွေကို ထိန်းချုပ်နိုင်တယ်။
များသောအားဖြင့် ဗီဒီယိုဂိမ်းတွေဆိုတာ စိတ်ကူး စိတ်သန်းတွေ ကွန့်မြူးရာ နယ်ပယ်တွေပါပဲ။ ဂိမ်းထဲမှာ ဖြစ်ပျက်နေသမျှ အခြေအနေအားလုံးကို ထိန်းချပ်ရတဲ့ နေရာမှာ သင်ကိုယ်တိုင် ပါဝင်ရပါတယ်။ ဒါကြောင့် ညတိုင်းမက်တဲ့ အိပ်မက်တွေကို သင်ကိုယ်တိုင် ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ဖြစ်နိုင်ရင် အိပ်မက်ဆိုးတွေကိုတောင် ချောင်ထိုးထားနိုင်ပါတယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment