Thursday, June 4, 2015
"သင်တို့နှစ်ဦး ဘာမဟုတ်တာလေးတွေနဲ့ အမြဲပြဿနာ တက်နေကြတာမျိုးဟာ လမ်းခွဲတဲ့အထိ ဖြစ်သွားစေမှာ"
"သင်တို့နှစ်ဦး ဘာမဟုတ်တာလေးတွေနဲ့ အမြဲပြဿနာ တက်နေကြတာမျိုးဟာ လမ်းခွဲတဲ့အထိ ဖြစ်သွားစေမှာ"
စုံတွဲတိုင်း ပြဿနာတော့ တက်ဖူးကြပါတယ်။ စကားများဖူးကြတယ်။ ငြင်းခုံဖူးကြတာချည်းပါပဲ။ ဒါပေမယ့် ဘာမဟုတ်တာလေးတွေနဲ့ ပြသနာခဏခဏတက်တာကို အချိန်ကြာလာလည်း ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒီအချစ်ရေးဟာ ပျော်စရာလည်း ကောင်းမှာမဟုတ်တော့ပါဘူး။ ပြန်စဉ်းစားဖို့ အချိန်ပါပဲ။ ဒီတော့ နှစ်ဦးသားဖြစ်တဲ့ ပြသနာတွေဟာ ဘာမဟုတ်တာလေးတွေလား။ ခုဖော်ပြပေးတဲ့ ပုံစံအတိုင်း ပြသနာတက်နေသလားဆိုတာ တစ်ချက်ကြည့်ပြီး ရှေ့ဆက် ဘယ်လိုစခန်းသွားမယ်ဆိုတာကို စဉ်းစားဖို့ အချိန်ရောက်ပါပြီ။
၁။ပြသနာတက်တာက ခဏခဏပဲ။ နည်းသွားတယ်မရှိဘူး။ ပိုတောင် အကြိမ်ရေ စိပ်လာသေးတယ်။
ဖြစ်လိုက်တိုင်းလည်း ကြီးကြီးမားမား မဟုတ်ပဲ ဒီနေ့လာကြိုမှာလားလို့ မေးတာကို တစ်ဘက်က မကြိုဖြစ်လို့ ဖြစ်တဲ့ပြသနာ၊ ကိုယ်ဝတ်သွားမိတဲ့ အကျီအရောင်က တစ်ဖက်လူရဲ့ အကျီအရောင်နဲ့ ကွဲနေတာကြောင့် စိတ်ကောက်ရင်း ဖြစ်တဲ့ပြသနာတွေဆိုရင် သင်တို့နှစ်ဦးဟာ ဘာမဟုတ်တာလေးတွေနဲ့ ပြသနာအကြိမ်ကြိမ် တက်နေတာလို့ ပြောရပါလိမ့်မယ်။
၂။ရန်ဖြစ်ပြီးသွားရင် ကိုယ် သူ့ကို ဘာတွေပြောခဲ့မှန်းတောင် မမှတ်မိတော့ဘူး။
တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံပြောဆိုပြီး ရန်ဖြစ်ပြီဆိုတာနဲ့ ပါးစပ်ထဲရှိတာတွေ ပြောချတတ်လွန်းလို့ ရန်ဖြစ်ပြီး ကိုယ်ဘာတွေပြောခဲ့မိမှန်းတောင် မသိအောင် ဖြစ်နေတတ်တယ်။ တစ်ယောက်ရဲ့စကားကို အလေးပေး နားထောင်ဖို့ ဘယ်တော့မှ မတွေးတော့ဘူး။
၃။လက်တွေ ခြေတွေ နည်းနည်းပါလာတတ်နေပြီ။
သူများတွေလို မျက်နှာကို ပိတ်ရိုက်တာမျိုးတွေ တစ်ခုခုနဲ့ ရိုက်တာမျိုးတွေ မဟုတ်ပေမယ့် အဲ့ဒီရဲ့အစ တစ်ယောက်ရင်ဘတ်ကို တစ်ယောက် စောင့်တွန်းတာ၊ တစ်ယောက်ပခုံးကို တစ်ယောက်နာကျင်အောင် တွန်းထုတ်တာမျိုးတွေ လုပ်တတ်လာပြီ။
၎။အဆုံးသတ် ကိုယ်နိုင်မှ ဖြစ်မယ်လို့ အမြဲတွေးတယ်။
ပြဿနာတက်ပြီဆိုရင် ဒီပြဿနာက ဘာ့ကြောင့်တက်ရတာလဲဆိုတာ မတွေးဘူး။ ပြောမယ် ဆိုမယ် ကိုယ်ချည်းပြောပစ်မယ်။ နောက်ဆုံးအနိုင်ရတဲ့သူက ကိုယ်ပဲဖြစ်ရမယ်လို့ အမြဲတွေးတယ်။
၅။သူငယ်ချင်းတွေကလည်း ချစ်သူနဲ့ လမ်းခွဲဖို့ ပြောနေကြပြီ။
သူငယ်ချင်း အရင်းကြီး မဟုတ်ရင်တော့ နင်တို့တွေ လမ်းခွဲလိုက်ကြပါတော့လို့ ဘယ်ဝင်ပြောပါ့မလဲ။ သူငယ်ချင်းအရင်းတွေဟာ ကိုယ့်ဘေးမှာရှိပြီး ကိုယ်တွေမမြင်နိုင်တဲ့အရာတွေကို ဖြည့်မြင်နေတတ်ကြပါတယ်။ သူတို့က ကိုယ့်ကို ဒီလိုအကြံပေးပြီး ဆိုကတည်းက နှစ်ဦးသားအခြေအနေက တော်တော်ဆိုးနေပြီလို့သာ မှတ်ပါ။
၆။ပြဿနာလေး မတက်လိုက်နဲ့။ အရင်အကြောင်းတွေ ဆွဲပြောတော့တာပဲ။
ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်ပြီဆိုရင် ဆိုင်တာ မဆိုင်တာတွေ မစဉ်းစားတော့ပဲ အတိတ်တုန်းက သူ့ကို ကိုယ်မကျေနပ်ခဲ့တာတွေ ဆွဲသွင်းပြောပစ်တော့တာပဲ။ ဒီအချက်က အချစ်ရေးပြဿနာတွေထဲမှာ တော်တော်လေး ဆိုးတဲ့ ပြဿနာတစ်ရပ်ပါ။
၇။ပြဿနာတက်တိုင်း ပြောဖြစ်တာက လမ်းခွဲမယ်ဆိုတာချည်းပဲ။
နှစ်ဦးသား ရန်နည်းနည်းဖြစ်ပြီဟေ့ဆိုရင် နင်နဲ့ငါ ဒီပုံစံအတိုင်း ဆက်မသွားနိုင်တော့ဘူး။ နင့်ကိုငါလမ်းခွဲမယ်ဆိုတာချည်း ပြောလိုက်တယ်။ ဒီအချက်ကလည်း သင့်အချစ်ရေးကို သက်ဆိုးရှည်စေမယ့်အချက် မဟုတ်ပါဘူး။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment