Wednesday, June 3, 2015

"ချစ်သူလောက် လစာ၊ ၀င်ငွေ မကောင်းတဲ့သူတွေဟာ ချစ်သူအပေါ် ပိုလိမ်ညာတတ်"


"ချစ်သူလောက် လစာ၊ ၀င်ငွေ မကောင်းတဲ့သူတွေဟာ ချစ်သူအပေါ် ပိုလိမ်ညာတတ်"

ဘယ်လိုလူမျိုးတွေဟာ ကိုယ့်ချစ်သူအပေါ် လိမ်ညာတတ်ကြသလဲဆိုတဲ့ လေ့လာချက်တစ်ရပ်ကို American Sociological Review က ဖော်ပြပေးလိုက်ပါပြီ။ အဲ့ဒီအဖြေကတော့ တော်တော်လေး စိတ်ဝင်စားစရာပါ။ ကိုယ့်ချစ်သူဝင်ငွေ ပိုက်ဆံကိုသာ မှီခိုအသုံးပြုရတဲ့ လူတွေဟာ ကိုယ့်ချစ်သူကို ပိုမို လိမ်ညာတတ်ကြပါတယ်တဲ့။

လေ့လာတွေ့ရှိချက်အရ အမျိုးသားတွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ သူတို့ကိုယ်ပိုင်ဝင်ငွေ မရှိကြတာကြောင့် လိမ်ညာကြလေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးနေတဲ့သူ ဆိုရင်တော့ ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ အမျိုးသမီးတွေမှာဆိုရင်တော့  ၀င်ငွေမရှိတဲ့သူ ၅.၂ ရာခိုင်နှုန်းဟာ လိမ်ညာတတ်ကြပြီး ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးနေတဲ့ အမျိုးသမီးတွေမှာဆိုရင်တော့ ၁.၅ ရာခိုင်နှုန်းသာ လိမ်ညာလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

Connecticut တက္ကသိုလ်ရဲ့ ပါမောက္ခ Christin Munsch ကတော့ "ငွေကြေးအခက်အခဲတွေကြောင့် လူတွေဟာ ပိုညာတတ်လာကြတယ်။ ဒါကလည်း မညီမျှမှုတွေကြောင့် ဖြစ်လာတာလို့ ဆိုရပါမယ်။ ကျွန်မတို့ဟာ ကိုယ့်ချစ်သူနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်နေမိတယ်။ ကိုယ့်ကိုယ်ကိုလည်း အနိုင်ရတဲ့သူပဲ ဖြစ်ချင်တယ်။ နောက်တစ်ချက်က အရှုံးသမားနဲ့ လက်ထပ်ထားတယ် ဆိုတာမျိုးလည်း မဖြစ်ချင်ပြန်ဘူး။ အထူးသဖြင့် အမျိုးသားတွေဟာ ကိုယ့်ချစ်သူက အောင်မြင်နေတယ်ဆိုရင် သူတို့ အဲ့ဒီဒဏ်ကို မခံနိုင်ကြဘူး။ စုံတွဲတစ်တွဲမှာ ဦးဆောင်ချင်သူသာ ဖြစ်ချင်ကြတယ်။ အရှုံးသမားလို မနေချင်တော့ ကိုယ်ပြန်ဦးဆောင်နိုင်မယ့်သူကို ရှာလိုက်တဲ့သဘောပဲ" လို့ သူမက ပြောပြသွားပါတယ်။

ဒါ့အပြင် သူမထပ်မံဖြည့်စွက် ပြောပြပေးသွားတာက "လစာတွေကွာခြားနေတာကလည်း အတွဲတွေကို ပိုညာတတ်အောင် လုပ်နေသလိုပါပဲ။ ခုလို ပြောတာမျိုးက ကိုယ့်အနာဂတ်အတွက် ဒိတ်လုပ်တော့မယ်ဆိုရင် ပိုက်ဆံရှာနိုင်တဲ့သူကိုသာ ဒိတ်လုပ်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုက်ဆံရှိပြီး စီးပွားရေးသမားဆိုရင်လည်း ၁၅ ရာခိုင်နှုန်းလောက်ကတော့ လိမ်ညာနေသေးတာပဲ။ ဒါ့ကြောင့် ကိုယ်တကယ်ချစ်တဲ့သူဟာ ကိုယ့်ထက်မြင့်မားနေရင် မနာလိုမဖြစ်ပဲ ကိုယ့်ထက်နိမ့်ပါးနေရင်လည်း မာန်မထောင်လွှားပဲ ဖေးဖေးမမလေး နေသွားကြရင် အဆင်ပြေပါလိမ့်မယ်" တဲ့။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment