"မျက်ကပ်မှန်တွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေနိုင်"
မျက်ကပ်မှန်တွေဟာ အရေပြားပေါ်မှာရှိတဲ့ ရောဂါ ပိုးမွှားတွေကို မျက်စိထဲရောက်အောင် ပို့ဆောင်ပေးနေတယ်လို့ သုတေသန အသစ်တစ်ခုက ပြသလိုက်ပါတယ်။
မျက်ကပ်မှန်တွေဟာ မျက်လုံးမှာ မတပ်ဆင်ခင်ကတည်းက ဘက်တီးရီးယားတွေကို သယ်ဆောင်ထားပြီး မျက်လုံးမှာ တပ်ဆင်လိုက်တဲ့အခါမှာ ဘက်တီးရီးယားတွေကို မျက်လုံးအတွင်းသို့ ၀င်ရောက်စေကာ ကူးစက်ရောဂါတွေကို စတင်ဖြစ်ပေါ်စေပါတယ်။
သုတေသီတွေဟာ မျက်ကပ်မှန် ၀တ်ဆင်သူ ၉ ယောက်နဲ့ မျက်ကပ်မှန် မတပ်ဆင်သူ ၁၁ ယောက် တို့ရဲ့ မျက်လုံး အစိတ်အပိုင်းပေါင်း ၁၀၀ ကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအခါမှာ မျက်ကြည်လွှာရဲ့ အစိတ်အပိုင်း အသီးသီးမှာ အရေးပြားမှာထက်ပိုများတဲ့ ဘက်တီးရီးယားတွေ ကပ်တွယ်နေတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Methylobacterium ၊ Lactobacillus ၊ Acinetobacter နဲ့ Pseudomonas စတဲ့ ဘက်တီးရီးယားတွေဟာ မျက်ကပ်မှန် ၀တ်ဆင်သူတွေရဲ့ မျက်လုံးမှာ ကပ်တွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။
မျက်ကပ်မှန်တပ်ဆင်သူတွေရဲ့ မျက်လုံးမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားတွေရဲ့ ဖွဲ့စည်းပုံမျိုးတွေကို မျက်လုံးတွေမှာထက် အရေပြားတွေမှာ တွေ့ရတာ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။
ထို သုတေသနကို ဦးဆောင်ခဲ့တဲ့ နယူးယော့ခ် ကျန်းမာရေး စင်တာက ဒေါက်တာ Maria Gloria Dominguez-Bello ကတော့ မျက်လုံးမှာ မျက်ကပ်မှန် တပ်ဆင်တာဟာ သာမာန် လုပ်ရပ်တစ်ခုမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အခုပြုလုပ်ခဲ့တဲ့ သုတေသနကနေ မျက်ကပ်မှန်တပ်ဆင်သူတွေဟာ မျက်ကပ်မှန်မတပ်ဆင်သူတွေထက် ဘာကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနှုန်းပိုများရတာလဲဆိုတဲ့ နှစ်ပေါင်းရှည်ကြာ ပြသနာ ကြီးကို နားလည်သွားစေခဲ့ပါတယ်။
Ref : Dailymail
Thithtoolwin
No comments:
Post a Comment