Wednesday, June 3, 2015
"ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ"
"ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ"
အလုပ်မှာ၊ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။
ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကိုမပြောခင် ကိုယ်ကမနံအောင် ဘယ်လိုလုပ်သင့်သလဲ။
၁. သေသေချာချာ ဝါးစားပါ
အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကိုထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။
၂. ထမင်းကို တော်ရုံသာစားပါ
ထမင်းကို ဗိုက်အပြည့်စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသောအစာအိမ် တခုတည်းမဟုတ် အခြားသော ကလီစာတွေကို အလုပ်ပိုလုပ်စေသောကြောင့် ပါးစပ်နံရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် အစားကို ဗိုက်တင်းအောင်မစားပဲ အသင့်အတင့်သာ စားသင့်တယ်လို့ အကြံပေးပါရစေ။
၃. ပဲ၊ နွားနို့၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ကိုများများစားပါ
ပဲ၊ နွားနို့၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို များများစားခြင်းဟာ ကိုယ်ခန္ဓာအတွင်း အက်စစ်ထွက်ခြင်းကို လျှော့နည်းစေပါတယ်။
အက်စစ်ထွက်ခြင်းက လျှော့စေသောအတွက် ပါးစပ်နံခြင်းလည်း အလိုအလျှောက် လျှော့နည်းလာမှာပါ။
၎.ပါးလုပ်ကျင်းပါ
အစားကိုစားပြီးသောအခါ ပါးစပ်အတွင်းမှာ အစာအကြွင်းအကျန်တွေ ရှိတတ်ပါတယ်။ ဒီအကြွင်းအကျန်တွေကနေ အချဉ်ပေါက်ပြီး ပါးစပ်နံတတ်ပါတယ်။ တတ်နိုင်ရင် ထမင်းစားပြီးတာနဲ့ သွားတိုက်နိုင်ရင် အကောင်းဆုံးပါ။ အချိန်မပေးနိုင်ရင်တော့ ပါးလုပ်ကျင်းဖို့ မမေ့ပါနဲ့။
၅. ရေနွေးကြမ်းသောက်ပါ
လက်ဖက်ခြောက်မှာ ပါးစပ်အတွင်းမှအနံ့ကို ထိန်းသိမ်းထားနိုင်တဲ့အတွက် ထမင်းစားပြီး ကော်ဖီ၊ အချိုရည်ထက်စာရင် ရေနွေးကြမ်းကို သောက်သုံးသင့်ပါတယ်။
Happiness Is To You
Chelmo Team
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment