Thursday, June 11, 2015
"လမ်းခွဲထားပြီးသား ချစ်သူရဲ့ လှုပ်ရှားမှုတွေကို လူတွေ ဘာ့ကြောင့် စိတ်ဝင်တစား လိုက်ကြည့်နေတတ် ကြတယ်ဆိုတာ"
"လမ်းခွဲထားပြီးသား ချစ်သူရဲ့ လှုပ်ရှားမှုတွေကို လူတွေ ဘာ့ကြောင့် စိတ်ဝင်တစား လိုက်ကြည့်နေတတ်
ကြတယ်ဆိုတာ"
လမ်းခွဲပြီးသွားပြီးပြီဖြစ်တဲ့ ရည်းစားဟောင်းရဲ့ လူမှုကွန်ယက် facebook လို စာမျက်နှာတွေပေါ်မှာ သူဘာပို့စ်တွေတင်ထားသလဲ၊ instagram မှာ သူဘာပုံတွေတင်ထားသလဲ စတာတွေကို သတိထားမိ ကြည့်နေမိတယ်ဆိုရင် ဒါသူ့ကို စွဲလန်းနေသေးလို့လား၊ ချစ်နေသေးလို့လား၊ ကိုယ့်ဘက်ကလည်း ပြတ်သားနိုင်နေပါရက်နဲ့ အဲ့ဒီလို သူဘာတွေတင်မလဲဆိုပြီး ကြည့်မိနေတာ အပြစ်တစ်ခုလို ခံစားနေရပြီလား။ အားလုံးသိချင်တဲ့ အဖြေကို ခု လေ့လာတွေ့ရှိချက်က ဖြေရှင်းပေးလိုက်ပါပြီ။ သင်ဟာ အလွန်အကျူး သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုပဲ တောက်လျှောက် ကြည့်နေတာမျိုးမဟုတ်ပဲ တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါလောက် သွားကြည့်တတ်တာမျိုးဆိုရင်တော့ သင့်အခြေအနေက ပုံမှန်ပါပဲ။ ကိုယ့်ကိုယ်ကို အပြစ်တင်စရာလည်း မလိုပါဘူး၊ ဒါဘာဖြစ်လို့လဲဆိုတာကို ဆက်ပြောပေးချင်ပါတယ်။
Western Ontario တက္ကသိုလ်က လေ့လာချက်အရတော့ ပြတ်သွားပြီးသား အတွဲတွေထဲက ၈၈ ရာခိုင်နှုန်းဟာ သူတို့ရည်းစားဟောင်းတွေရဲ့ facebook ကို ၀င်ရောက်ကြည့်လေ့ရှိကြပါတယ်။ ဒါသဘာဝပါပဲတဲ့။ ဘာဖြစ်လို့ ခုလို လုပ်ဆောင်ကြသလဲလို့မေးရင် ကိုယ့်ကိုယ်ကို ချစ်လို့ပါလို့ အဖြေထွက်လာပြန်ပါတယ်။ လူတွေဟာ ပြတ်သွားပြီးသည့်တိုင်အောင် ငါ့လိုနောက်တစ်ယောက် သူမရနိုင်ဘူး။ အစားထိုးလည်း မဆင်မပြေနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်နေကြတုန်းပါ။ ဒီတော့ ငါ့အတွက် သူခံစားနေရဦးမလားပေါ့။ ဒါဟာ ကိုယ့်ကိုယ်ကို ကောင်းတယ်ဆိုတာကို အတည်ပြုချင်တာကြောင့်လည်း ပါပါတယ်။ ဒါဟာ အပြစ်မဟုတ်ပါဘူး။ မထူးဆန်းပါဘူး။ စိတ်ကိုက သိချင်တဲ့စိတ်၊ စပ်စုချင်တဲ့စိတ်လေး ရှိနေတာကြောင့်လို့လည်း ပြောနိုင်ပါတယ်။
တစ်ခုတော့ ရှိပါတယ်၊ ခုနပြောသလို သွားကြည့်ပြီး မနာလိုတာတွေ ဖြစ်လာမယ်၊ သူ့စာမျက်နှာကိုပဲ တစ်ချိန်လုံး ဂရုစိုက်ကြည့်နေမယ်ဆိုရင်တော့ ဒါကို နည်းနည်းသတိထားပေးဖို့ လိုလာပါပြီ။ ကိုယ့်ကိုယ်ကို သတိပေးဖို့လည်း လိုလာပါပြီ။ အထူးသဖြင့် မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် မနာလိုတဲ့စိတ် ပိုများတတ်တာကြောင့် သဘာဝကနေ အန္တရာယ်မဖြစ်အောင် ကိုယ့်စိတ်ကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment