Thursday, June 11, 2015
"သင့်ချစ်သူကောင်လေး သင့်ဆီက မကြားချင်တဲ့ စကား (၈) ခွန်း"
"သင့်ချစ်သူကောင်လေး သင့်ဆီက မကြားချင်တဲ့ စကား (၈) ခွန်း"
ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လောက်ချစ်တဲ့သူ ဖြစ်ပါစေ။ တစ်ခါတစ်လေ ချစ်သူကောင်မလေးဆီက သူတို့မကြားချင်တဲ့ စကားတွေ ရှိနေတတ်ပါတယ်။ ခုပြောပြပေးမယ့် သူတို့မကြားချင်တဲ့ စကားတွေဟာ ယောင်္ကျားလေးတွေ တော်တော်များများ ခံစားရတဲ့ အရာတွေမို့ ၁၀ယောက် မှာ ၈ယောက်က အတူတူပါပဲ။ အဲ့ဒီစကား (၈) ခွန်းကို ပြောပြရရင်တော့
၁။ရည်းစားဟောင်းတုန်းကလည်း ဒီလိုလုပ်တာ၊ အတူတူပဲ။
တစ်ခါတစ်လေ ကိုယ်က စိတ်လွတ်ကိုယ်လွတ် ပြောချလိုက်မိတဲ့အရာတွေက တစ်ဖက်လူကို ခံစားသွားရစေပါတယ်။ အထူးသဖြင့် ကိုယ့်ချစ်သူကောင်လေးရှေ့မှာ ရည်းစားဟောင်းအကြောင်း သွားပြောမိတာမျိုးပေါ့။ သူက ကိုယ်ဒီလိုပြောလိုက်လို့ ဘာတစ်ခွန်းမှ ပြန်မပြောရင်တောင် စိတ်ထဲတော့ ခံစားသွားရမှာ အသေအချာပဲလေ။
၂။ရှင့် ရည်းစားဟောင်းက ကိုယ်ဝန်တောင်လွယ်ထားရပြီ။
ချစ်သူကောင်လေးရဲ့ ရည်းစားဟောင်းက သူ့ဘာသူ အခြားတစ်ယောက်ရပြီး ကိုယ်ဝန်လွယ်ထားရတာမျိုး ကိုယ့်ချစ်သူကို သွားပြောမနေပါနဲ့၊ ဒါဟာ ဘာမှသာ မဟုတ်တာ စိတ်ရှုပ်စရာပဲလေ။ သူကသူ၊ ကိုယ်ကကိုယ်ဖြစ်နေပြီမို့ ဇာတ်လမ်းဟောင်းတွေ ပြန်မပြောတာ အကောင်းဆုံးပေါ့။
၃။အဲ့ကောင်မလေး လှတယ်လို့ထင်လား။
အမျိုးသားတွေအတွက် အဖြေရခက်တဲ့ မေးခွန်းပါပဲ။ လှတယ်လို့ မြင်ရင်လည်း ကောင်မလေးက ကိုယ့်ကို နှာဗူးလို့ ပြောမလား၊ သ၀န်တိုဦးမလား စသဖြင့် တွေးရပြန်ပါတယ်။ မလှဘူးလို့ ပြောလိုက်ပြန်ရင်လည်း ညာနေပြန်ပြီ။ ဒီလောက်လှတာကိုဆိုပြီး ပြောနိုင်ပါသေးတယ်။ အခက်အခဲဖြစ်စေတဲ့ မေးခွန်းပေါ့။
၎။ငါအဆင်ပြေတယ်၊ ရတယ် ကိစ္စမရှိဘူး။
ကောင်မလေးတွေဟာ ကိုယ့်ချစ်သူကောင်လေးကို စိတ်ကောက်ပြီ၊ စိတ်တိုပြီဆိုရင် ရတယ် ငါအဆင်ပြေပါတယ်။ ရတယ်အေးဆေးပဲ၊ ကိစ္စမရှိဘူး စသဖြင့် ရွဲ့ပြီးပြောတတ်ကြပါတယ်။ မျက်နှာဘယ်လောက်စူပုပ်နေပါစေ၊ ပါးစပ်ကတော့ အဲ့ဒီလို ပြောနေတတ်တာပါ။ ဒီတော့ ကောင်လေးခမျာ ဘာလုပ်ရမှန်းမသိဖြစ်ရောပေါ့။
၅။တစ်ခါလောက်တော့ ကြိုးစားပြီး လုပ်ကြည့်မယ်လေ။
ကိုယ့်စိတ်ထဲ လုပ်ကြည့်ချင်စိတ်မရှိတဲ့ အရာတွေကို သူတစ်ပါးကို မျှော်လင့်ချက် မပေးသင့်ပါဘူး၊ ဒီစကားလည်း ဒီလိုပါပဲ။ တကယ်လည်း လုပ်မှာ မဟုတ်တဲ့အရာတွေအတွက် ပြီးပြီးရော ပြောတာမျိုးပေါ့။
၆။အဆင်ပြေတာ တကယ်ဟုတ်ရဲ့လား။
တစ်ခါတစ်လေ အတည်ပြုသေချာချင်လို့ ထပ်ခါထပ်ခါ မေးတာမျိုး အမျိုးသားတွေက သဘောမကျကြပါဘူး။ ထပ်ခါထပ်ခါ မေးတာမျိုးဟာ လုပ်နိုင်တယ်ဆိုတာ မယုံဘူးလို့ ပြောသလိုမျိုး သက်ရောက်သွားနိုင်ပါတယ်။
၇။ငါ့ပေါင်တွေကို မုန်းလိုက်တာ။
တစ်ခါတစ်လေ ကိုယ့်စိတ်ထဲရှိနေတဲ့အရာတွေကို သူတို့ရှေ့ ညည်းပြလိုက်လို့ သူတို့က ကိုယ့်ကိုပြန်အားပေးလိုက်ရင် အဆင်ပြေနေလို့ ကောင်းသွားတာတွေ ရှိပါတယ်။ ဒါပေမယ့် ညည်းသင့်တဲ့အရာ၊ မညည်းသင့်တဲ့အရာတွေ တော့ရှိပါတယ်။ အမျိုးသားတွေဟာ ကိုယ့်ချစ်သူကို ယုံကြည်မှုရှိတဲ့သူတွေ ဖြစ်စေချင်ကြတယ်။ ဒါဟာ ထုတ်မပြောတာသာရှိပါလိမ့်မယ်။ ကိုယ်ကတစ်ချိန်လုံး ငါခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို မကြိုက်ကြောင်း၊ မလိုချင်ကြောင်းတွေ ပြောပြောနေမယ်ဆိုရင် တစ်ဖက်လူဟာ အစပိုင်း နှစ်သိမ့်ပေးရင်တောင်မှ ကြာတော့ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။
၈။ရှင့်အမေကို မုန်းလိုက်တာ။
အမေမှမဟုတ်ပါဘူး။ ရှင့်သူငယ်ချင်း၊ ရှင့်မောင်၊ ညီမ စတာတွေကိုပြောရင်လည်း သူတို့ ကြားချင်မှာ မဟုတ်တာ အသေအချာပါပဲ။ စိတ်ထဲရှိနေရင်တောင် တစ်ချို့အရာတွေက ဖွင့်ဟလို့ မသင့်တော်ပါဘူး။
ဟန်နီ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment