Tuesday, June 9, 2015

"ကလေးငယ်တွေကို အောင်မြင်ချင်စိတ်ရှိလာအောင် လုပ်တဲ့ တရုတ်နိုင်ငံသား မိဘများရဲ့ နည်းလမ်းကောင်း"

"ကလေးငယ်တွေကို အောင်မြင်ချင်စိတ်ရှိလာအောင် လုပ်တဲ့ တရုတ်နိုင်ငံသား မိဘများရဲ့ နည်းလမ်းကောင်း"

အားလပ်ရက်တွေရောက်တဲ့အခါ မိဘအများစုက ကိုယ့်ရဲ့သားသမီး ကလေးငယ်တွေကို ကစားကွင်း၊ ပြတိုက်နဲ့ ဈေးဝယ်စင်တာ စတဲ့နေရာတွေကို လိုက်ပို့လေ့ရှိကြပါတယ်။ ဒါမှမဟုတ်လည်း အပန်းဖြေခရီးထွက်လေ့ရှိပါတယ်။ တရုတ်မှာတော့ ဒီနေ့ခေတ်မှာ အဲဒီနည်းဟောင်းတွေက ခေတ်မစားတော့ပါဘူး။

တရုတ်မှာနေထိုင်တဲ့ မိဘတွေဟာ သူတို့သားသမီးတွေ အရွယ်ရောက်လာရင် ချမ်းသာအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ပြီး ဇိမ်ခံအိမ်ရာတွေဆီ လိုက်ပို့လေ့ရှိပါတယ်။ ဇိမ်ခံအိမ်ရာတွေဆိုတာ တရုတ်မှာ ရွာသဖွယ် တည်ဆောက်ထားတဲ့ အိမ်တွေဖြစ်ပြီး တန်ဖိုးကြီး အသုံးအဆောင်တွေနဲ့ လှပစွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီလိုတန်ဖိုးကြီး အိမ်တွေဆီကို ခေတ္တအလည်အပတ် သွားလိုက်ခြင်းအားဖြင့် ကလေးငယ်တွေဟာ ကြီးလာတဲ့အခါ ချမ်းသာအောင်မြင်တဲ့သူဖြစ်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်လို့ တရုတ်နိုင်ငံသား မိဘတွေက ယုံကြည်ကြပါတယ်။ တန်ဖိုးကြီး အရာတွေနဲ့ ကလေးငယ်တွေကို ထိတွေ့ပေးလိုက်တာဟာ စိတ်ဓါတ် မြင့်တင်ရေး လုပ်လိုက်တာလို့ သူတို့က ယုံကြည်ကြပါတယ်။

ကွင်ယန်မြို့မှာရှိတဲ့ ဟဲမင်းအပန်းဖြေစခန်းမှာ ဒီလိုဇိမ်ခံအိမ်ရာတွေ အများကြီးရှိတာကြောင့် မိဘတွေကြားမှာ ရေပန်းစားနေပါတယ်။ လူချမ်းသာတွေ ဘယ်လိုနေထိုင်ရလဲဆိုတာ ကလေးငယ်တွေကို ကြိုးစားချင်စိတ်ရှိလာအောင် ပြသပေးတဲ့ နေရာလည်းဖြစ်ပါတယ်။ မိဘတွေက ကလေးတွေနဲ့ အတူ အပန်းဖြေစခန်းကိုလာကြရင်း အရွယ်ရောက်လာတဲ့အခါ အလုပ်ကြိုးစား၊ ပညာကြိုးစားသင်ကြဖို့ တိုက်တွန်းကြပါတယ်။

Ref - dailymail

Credit: Planet Myanmar


No comments:

Post a Comment