Tuesday, June 9, 2015

"Mr Bean စီးတဲ့ ပြိုင်ကားကို ပေါင် ၈ သန်းနဲ့ ဝယ်ယူခဲ့သူ"


"Mr Bean စီးတဲ့ ပြိုင်ကားကို ပေါင် ၈ သန်းနဲ့ ဝယ်ယူခဲ့သူ"

စကားသိပ်မပြောတဲ့ ဟာသဇာတ်ကားတွေနဲ့ နာမည်ကျော်ပြီး မစ္စတာဘင်းန်လို့ လူသိများတဲ့ ရိုဝင်နအက်ကင်ဆန်ဟာ သူ့ရဲ့ မက္ကလာရင် F1 ပြိုင်ကားအမျိုးအစားကို ပေါင် ၈ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ထူးခြားတာဟာ မစ္စတာဘင်းန်ဟာ ဒီကားကို ၁၉၉၇ ခုနှစ်ကတည်းက ပေါင် ၆၄၀၀၀ နဲ့သာ ဝယ်ယူခဲ့တာ ဖြစ်ပြီး ၁၈ နှစ်သက်တမ်းမှာ ယာဉ်တိုက်မှု နှစ်ကြိမ်လည်းဖြစ်ထားတဲ့ ကားဖြစ်ပါတယ်။

ဒါကြောင့် ၁၈ နှစ်အတွင်းမှာ ဒီပြိုင်ကားက မိုင်ပေါင်း လေးသောင်းကျော် မောင်းနှင်ခဲ့ပြီးပြီဖြစ်ပေမယ့် အခုလို ပြန်ရောင်းချိန်မှာ စတာလင်ပေါင် ၈ သန်း ရခဲ့တာဖြစ်ပါတယ်။ ပိုင်ရှင်မစ္စတာဘင်းန်က ပေါင် ၇.၃ သန်းလောက် အမြတ်ထွက်ခဲ့တဲ့ သဘောပါပဲ။ ၁၉၉၉ တုန်းက တစ်ခါယာဉ်တိုက်မှုဖြစ်ပြီး ၂၀၁၁ မှာတစ်ခါ သစ်ပင်ကို ဝင်တိုက်မိခဲ့ပါသေးတယ်။ ပုခုံးရိုးကျိုးသွားခဲ့တာကလွဲလို့ ရိုဝင်အက်ကင်ဆန်တစ်ယောက် ဒဏ်ရာကြီးကြီး မားမားမရခဲ့ပေမယ့် သူ့ရဲ့ပြိုင်ကားကတော့ အတော်များများပျက်စီးသွားခဲ့ရပါတယ်။

အဲဒီတစ်ခေါက်မှာ အာမခံငွေလည်း တော်တော်ရလိုက်ပါသေးတယ်။ ပြိုင်ကားတစ်စီးကို ပေါင် ၈ သန်းနဲ့ အရောင်းအဝယ်ဖြစ်သွားခဲ့တာဟာ ဗြိတိန်ကားဈေးကွက်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရိုဝင်အက်ကင်ဆန်ကားကို ရောင်းပေးတဲ့ကုမ္ပဏီက ပြောပါတယ်။ ဗြိတိန်လူမျိုးတစ်ဦးကပဲ ဒီကားကို ဝယ်ယူခဲ့တာပါ။

Ref - dailymail

Credit: Planet Myanmar

No comments:

Post a Comment