Wednesday, June 10, 2015
"မထင်မှတ်ပဲ အလုပ်ထွက်လိုက်ရတဲ့အခါ စိတ်ဓာတ်မကျပဲ အကောင်းဘက်က ဒီလိုတွေးကြည့်နိုင်တာ"
"မထင်မှတ်ပဲ အလုပ်ထွက်လိုက်ရတဲ့အခါ စိတ်ဓာတ်မကျပဲ အကောင်းဘက်က ဒီလိုတွေးကြည့်နိုင်တာ"
အလုပ်မှာ ဘော့စ်နဲ့ ဘယ်လိုမှ အဆင်မပြေတော့လို့၊ ကိုယ့်လုပ်ပိုင်ခွင့်အတိုင်း မလုပ်ဆောင်ရလို့၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အဖွဲ့လိုက် အနိုင်ကျင့်တာကို မခံနိုင်တော့လို့၊ ကိုယ့်အမှား မဟုတ်တာကို ကိုယ်လုပ်တယ်ဆိုပြီး ပြောဆိုခံရလို့ မထင်မှတ်ပဲ အလုပ်ထွက်လိုက်ရတယ်ဆိုရင် သင့်အနေနဲ့ ဒီအချက်လေးတွေတွေးပြီး ဖြေသိမ့်နိုင်ပါတယ်။ ဖြစ်လာတဲ့အခြေအနေကို အဆိုးချည်းမမြင်ပဲ အကောင်းဘက်က ကြည့်မယ်ဆိုရင် သင့်အနေနဲ့ စိတ်ချမ်းသာစရာ ကောင်းလာပါလိမ့်မယ်။
၁။ဒါဟာ အပြောင်းအလဲတစ်ခုဖြစ်ဖို့ သင့်ကို တွန်းအားပေးလိုက်သလိုပါပဲ။
တစ်ခါတစ်လေ ကိုယ်အချိန်အကြာကြီး လုပ်ခဲ့ရတဲ့ အလုပ်ကို မစွန့်ခွာနိုင်ပဲ ပျင်းပျင်းနဲ့ ဆက်လုပ်နေရတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကိုယ့်အတွက် ဘာအကျိုးကျေးဇူးမှ မရနိုင်တော့မှန်းသိသိနဲ့ ဆက်လုပ်နေမိတာဆိုရင် ဒီိလို အလုပ်ထွက်လိုက်တာကမှ အပြောင်းအလဲတစ်ခု ဖြစ်စေမှာပါ။ လူဆိုတာ အပြောင်းအလဲတွေနဲ့ ရှေ့ဆက်ဖို့တော့ လိုပါတယ်။ ကိုယ့်စွမ်းရည်၊ လုပ်ကိုင်နိုင်စွမ်းတွေကို အသစ်ပြန်လည်ဆန်းစစ်ဖို့ အချိန်ရောက်ပါပြီ။
၂။ကိုယ့်ကိုယ်ကို ပြန်လည်းဆန်းစစ်ဖို့ အချိန်ပါပဲ။
သင်အလုပ်မရှိတော့တာဟာ သင့်ဂုဏ်သိက္ခာတွေ ပျောက်ဆုံးသွားတာမျိုး မဟုတ်ပါဘူး။ သင်ဟာ စမတ်ကျဆဲ၊ လုပ်ရည်ကိုင်ရည်ရှိဆဲ ဆိုတာ မမေ့ပါနဲ့။ သင်ဘာဆက်လုပ်သင့်တယ်ဆိုတာ စဉ်းစားဖို့ ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။
၃။ကိုယ်နဲ့ အဆင်ပြေမယ့်အလုပ်ကို သေချာရှာကြည့်ပါ။
ခု ကိုယ်လုပ်ခဲ့ရတဲ့ အလုပ်ကို ကိုယ်တကယ်စိတ်ဝင်စားပါသလား။ စိတ်မ၀င်စားပဲ လုပ်နေရတာမျိုးဆိုရင်တော့ အလုပ်မှာ တကယ်ပျော်မယ့်၊ ကိုယ်တကယ်သဘောကျ လုပ်ချင်တဲ့ အလုပ်မျိုးကို ရှာဖို့လုပ်ပါ။
၎။ကိုယ်လုပ်ချင်တာလေးတွေ စဉ်းစားပြီး လုပ်ဆောင်ပါ။
အလုပ်မရှိတော့တဲ့သူကို ခရီးတွေထွက်ပြီး ငွေတွေဖြုန်းခိုင်းတာမျိုး မဟုတ်ပါဘူး။ ကိုယ်နေတဲ့ မြို့လေး ကိုယ်ပြန်ပြီး ကိုယ့်စိတ်ပျော်မယ့်အရာလေးတွေ လုပ်ဆောင်ပါ။ ကိုယ်တကယ် စိတ်ဝင်စားပေမယ့် အချိန်မရှိခဲ့လို့ မလုပ်ခဲ့ရတာလေးတွေ လုပ်ဆောင်ဖို့ အချိန်ပါပဲ။
၅။ကျန်းမာရေးအတွက် ပိုအချိန်ပေးလိုက်ပါ။
ညနေခင်း လမ်းလျှောက်တာမျိုး၊ မနက်တိုင်း GYM ဆော့တာမျိုးတွေ လုပ်ပါ။ နောက်အလုပ်တစ်ခု မရှာခင်ကာလအတွင်း ကျန်းမာပျော်ရွှင်နေအောင် နေထိုင်ပါ။
၆။ မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်ပေးလိုက်ပါ။
အရင်က အချိန်မရှိလို့ မအားလို့ မတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အချိန်ပေးတွေ့လိုက်ပါ။ ဒါ့အပြင် မိသားစုကိုလည်း အရင်ထက် အချိန်ပိုပေးပြီး အတူတူ မနက်စာစားတာ၊ နေ့လည်စာစားတာ၊ အမေ့ကို တတ်နိုင်သမျှကူညီတာမျိုးတွေ လုပ်ပေးလိုက်ပါ။
၇။ facebook လို လူမှုကွန်ယက်တွေမှာ ကိုယ်တင်ချင်တဲ့ စတေးတပ်စ်တွေ တင်နိုင်ပါပြီ။
အရင်ကဆို အလုပ်က လူတွေ၊ ဘော့စ်တွေ့မှာစိုးလို့ ခိုးကြောင်ခိုးဝှက် တင်ခဲ့ရတဲ့ စတေးတပ်စ်မျိုးတွေ ခုတော့ ကိုယ်စိတ်ရှိသိလို တင်နိုင်ပါပြီ။ ဘယ်လောက်မိုက်လဲ။
ဟန်နီ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment