Monday, June 15, 2015

"Emoji ပုံလေးတွေကို Pin Code အဖြစ်၊ Password အဖြစ်ပါ အသုံးပြုမည်"


"Emoji ပုံလေးတွေကို Pin Code အဖြစ်၊ Password အဖြစ်ပါ အသုံးပြုမည်"

အွန်လိုင်း ဘဏ်အကောင့်များအတွက် လုံခြုံရေး Pin Code များ ရိုက်ထည့်ရာတွင် ဂဏန်းများ သုံးနေမည့်အစား Emoji  ပုံလေးများသုံးမည့် အစီအစဉ်တစ်ရပ်ကို ဗြိတိန်နည်းပညာ ကုမ္ပဏီတစ်ခုက မိတ်ဆက်လိုက်သည်။

Pin Code လေးလုံး ရိုက်ထည့်ရမည့်နေရာတွင် ဂဏန်းရိုက်ထည့်ပါက “၀” မှ “၉” ထိသာ သုံးနိုင်သော်လည်း Emoji ပုံလေးများ သုံးမည်ဆိုပါက အမျိုးအစားပေါင်း ရာချီပြီး ရွေးချယ် သုံးနိုင်သဖြင့် ပို၍ လုံခြုံစိတ်ချရမည် ဖြစ်သလို၊ သုံးစွဲသူများ အနေဖြင့်လည်း ဂဏန်းအက္ခရာများကို မှတ်သားနေရမည့် အစား Emoji  ပုံလေးများကို မှတ်သားရသဖြင့် ပိုပြီးလည်း မှတ်မိလွယ်မည် ဖြစ်ကြောင်း ထိုနည်းစနစ်ကို မိတ်ဆက်လိုက်သည့် Intelligent Environments က ပြောသည်။

ဘဏ်များကလည်း ထိုစနစ်ကို အထူး စိတ်ဝင်စားလျက် ရှိသည်။ ““ဘဏ္ဍာရေး ကဏ္ဍဟာလည်း လမ်းဟောင်းကြီး အတိုင်းမသွားဘဲ တီထွင်ဆန်းသစ်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့ လိုလာပြီ ဖြစ်တာကြောင့် ခုလိုဖန်တီးလိုက်တာ ဖြစ်ပါတယ်”” ဟု ကုမ္ပဏီမှ မန်နေဂျာချုပ် ဒေးဗစ်ဝက်ဘာက ပြောသည်။

Emoji အိုင်ဒီယာနှင့် ပတ်သက်ပြီး မူပိုင်ခွင့် တင်မည်မဟုတ်ကြောင်း၊ ထိုအိုင်ဒီယာကို လူတိုင်း လွတ်လပ်စွာ သုံးစွဲဖို့ စေတနာ အပြည့်ဖြင့် ဖန်တီးပေးခြင်းသာ ဖြစ်ကြောင်း၊ Emoji  နည်းဖြင့် Pin Code များ လုံခြုံရေး ပိုကောင်းအောင် လုပ်နိုင်ကြောင်း မိမိတို့ကုမ္ပဏီက အဦးအစ ဖန်တီးပြခဲ့သည်ကို လူတွေ သိနေရင် ကျေနပ်ပြီဟု မစ္စတာ ဒေးဗစ်က ပြောသည်။


Source: BBC

Credit: messenger

No comments:

Post a Comment