Lutaw Lupyaw
"ချစ်သူကောင်မလေး နားလည်စေဖို့"
၁။ ကောင်လေးတွေ ဘာလို့ ခံနိုင်ရည်ရှိတာလဲဆိုတာ မိန်းကလေးတွေ မသိဘူး။ အကြောင်းက သူတို့ကိုယ်တိုင်ပဲ သိတယ်။ အပြင်ပိုင်းအားဖြင့် ခံနိုင်ရည်ရှိလှပေမဲ့ အတွင်းစိတ်က
အရမ်းပျော့ညံ့တယ်ဆိုတာလေ။ သူတို့ကောင်မလေးတွေ သူတို့အပေါ် အထင်ကြီး လေးစားစေချင်တဲ့စိတ် ရှိကြလို့ပါ။
၂။ ကောင်လေးတွေ ဘာလို့ မျက်ရည်မလွယ်တာလဲ ဆိုတာ မိန်းကလေးတွေ နားမလည်ဘူး။ အကြောင်းက မျက်ရည်မလွယ်တာ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်သူတို့ သိတယ်။ မျက်ရည်ကျတာနဲ့ သူတို့ရဲ့ ခံစားချက်တွေအားလုံးလဲ ရေစုန် မျောကုန်တော့မှာလေ။
၃။ စိတ်ညစ်တဲ့အခါ ဆေးလိပ်ဘာလို့ ဖိသောက်တာလဲဆိုတာ မိန်းကလေးတွေ နားမလည်ဘူး။ အကြောင်းက မီးခိုးငွေ့တွေကြားထဲမှာ သူတို့ရဲ့ ခါးသီးတဲ့ ခံစားချက်တွေကို ခဏတာ ငြိမ်သက်သွားစေတယ်လေ။
၎။ လမ်းခွဲပြီးတဲ့နောက် ကောင်လေးတွေက လမ်းမှာတွေ့ရင် သင့်ကို ဘာလို့ နှုတ်ဆက်တယ်ဆိုတာ မိန်းကလေးတွေ မသိကြဘူး။ အကြောင်းက သင့်ကို သူစိမ်းလို မဆက်ဆံချင်ပဲ သူငယ်ချင်းအဖြစ် သတ်မှတ်ချင်လို့ပါပဲ။ ပြီးတော့ နှုတ်ဆက်စကား ဆိုခြင်းဖြင့် သူ့ရဲ့ ခံစားချက်တွေကို ငြိမ်သက်စေတဲ့အတွက် ဖြစ်တယ်။
၅။ နှစ်ဦးသား ရန်ဖြစ်တဲ့အခါ မိန်းကလေးကို အနိုင်ကျင့်မိလို့ စိတ်မကောင်း ဘာလို့ဖြစ်ရလဲဆိုတာ မိန်းကလေးတွေ မသိဘူး။ တကယ်တော့ သူ အနိုင်ရခဲ့တာပဲ ပျော်တောင်ပျော်ရမှာလေ။ ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။ တကယ်တော့ ကောင်လေးတွေဟာ သူတို့သာ ခံစားချင်တာ။ ကောင်မလေး မျက်ရည်ကို မကြည့်ရက်သူတွေပါ။
၆။ လမ်းခွဲပြီးနောက် ကောင်လေးတွေ ညည အရက်မူးတာ ဘာလို့လဲဆိုတာ မိန်းကလေးတွေ မသိကြဘူး။ တကယ်တော့ သူတို့ကိုယ်သူတို့ သိတယ်။ ဒီနေ့ညမှ ကိုယ့်ကိုယ်ကို မူးအောင်မလုပ်ရင် ခါးသီးတဲ့ အတွေးတွေနဲ့ မူးနောက်အောင် ဒီညတာကို ဖြတ်သန်းရမှာလေ။
၇။ နှစ်ဦးသား ဈေးဝယ်ထွက်တဲ့အခါ ကောင်လေးတွေ ဘာလို့ လက်ဖွာတယ်ဆိုတာ မိန်းကလေးတွေ နားမလည်ကြဘူး။ တကယ်တော့ သူတို့ကိုယ်တိုင်သာ ချွေချွေတာတာ သုံးမယ်။ သူတို့ချစ်တဲ့ ကောင်မလေးကိုတော့ သူများအထင်သေးမှာကို မလိုလားလို့လေ။
၈။ မိန်းကလေးတွေ စိတ်ဆိုးတာကို ကောင်လေးတွေ ဘာလို့ သဘောကျလဲဆိုတာ မိန်းကလေးတွေ မသိကြဘူး။ တကယ်တော့ သင့်ကို စိတ်ဆိုးအောင် လုပ်တယ်ဆိုတာ မချစ်လို့ မဟုတ်ပါဘူး။ အနာဂတ်မှာ သင့်ကို တခြားသူတွေ အနိုင်မကျင့်ရအောင် သင့်ရဲ့ မာနတရားကို ဆွပေးတဲ့သဘောပါ။ သင့်ကို ဂရုစိုက်တဲ့အတွက်ပါ။
၉။ သင့်ရဲ့ အဆက်ဟောင်းအကြောင်းကို ကောင်လေးတွေ ဘာလို့ မေးရလဲဆိုတာ မိန်းကလေးတွေ မသိကြဘူး။ အကြောင်းက သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိလို့မဟုတ်ပါဘူး။ တကယ်တော့ သင် သူ့ကို ခွဲခွာသွားမှာကို ကြောက်လို့ပါ။
၁၀။ တခြား ကောင်လေး တစ်ယောက်အကြောင်း ပြောပြတဲ့အခါ ကောင်လေးတွေ ဘာလို့ စိတ်ဝင်တစား နားထောင်လဲဆိုတာ မိန်းကလေးတွေ မသိကြဘူး။ တကယ်တော့ သူတို့ ဒေါသမထွက်တတ်လို့ မဟုတ်ဘူး။ သင့်ရဲ့ နှုတ်ဖျားက ပြောတဲ့စကားထဲမှာ သူနဲ့ အဲဒီတစ်ယောက်ရဲ့ အရေးပါမှုက ဘယ်သူ အလေးသာလဲဆိုတာ သိချင်လို့ဖြစ်တယ်။
၁၁။ ချစ်တယ်ဆိုတဲ့ စကားလုံးကို ကောင်လေးတွေ ဘာလို့ အမြဲ မပြောကြတာလဲဆိုတာ မိန်းကလေးတွေ နားမလည်ဘူး။ တကယ်တော့ မပြောချင်လို့ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ချစ်တယ်ဆိုတဲ့ စကားလုံးတွေထက် လုပ်ရပ်တွေက ပိုပြီး လေးနက်တယ်လို့ ခံယူတဲ့အတွက်ပါ။
ဇေယျာ
Credit: Saik Rott
Tuesday, February 2, 2016
"ချစ်သူကောင်မလေး နားလည်စေဖို့"
Labels:
ခံစားမှုရသ,
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment