Tuesday, February 2, 2016

"တစ်ပတ် ၁ ပေါင် လျော့ကျနိုင်မယ့် နည်းလမ်း (၄) ခု"



Lutaw Lupyaw

"တစ်ပတ် ၁ ပေါင် လျော့ကျနိုင်မယ့် နည်းလမ်း (၄) ခု"

ဒီအချက် ၄ ချက်ကို လိုက်နာရင် တစ်ပတ်အတွင်း ၁ ပေါင် ကျနိုင်မှာ ဖြစ်ပါတယ်။

၁- အတူစားပါ
နေ့လည်စာ စားတဲ့အခါဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် လူတွေနဲ့အတူ စားပါ။ ကိုယ့်စားမယ့်အစားကို များများဝေမျှပါ။ အစာမစားမီ ရေသောက်ပါ။

၂- လျော့စား
အဆီကိုတော့ လျော့စားရမှာဖြစ်ပါတယ်။ တစ်ပတ် သုံးလေးခါလောက် စားဖြစ်နေတဲ့ သင်အကြိုက်ဆုံး အစားအစာတွေထဲမှာ အဆီများတဲ့ အစားအစာပါနေရင် လျော့ချပါ။

၃- လှေကားသုံး
ဓာတ်လှေကားစီးမယ့်အစား လှေကားက တက်ပါ။ အလုပ်သွားတဲ့အခါ စောစောထွက်ပြီး တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်ပါ။

၎- မိနစ် (၃၀)
မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ။ သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ သင်လုပ်တဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီး ကယ်လိုရီ ၂၅၀-၃၅၀ လောက် မိနစ် ၃၀ တွင်း လောင်ကျွမ်းနိုင်ပါတယ်။

Photos & Source: Allwomenstalk

Credit: duwun



No comments:

Post a Comment