Lutaw Lupyaw
"ဖရုံစေ့စားခြင်းရဲ့ အကျိုးကျေးဇူး (၆) ခု"
အပျင်းပြေစားနေတဲ့ ဖရုံစေ့က ကောင်းကျိုးတွေ အများကြီး ပေးနေတယ်ဆိုတာ သိပါရဲ့လား။
ရုပ်ရှင်ရုံမှာဖြစ်ဖြစ် ပျင်းလို့ပဲဖြစ်ဖြစ် စားဖြစ်ကြတဲ့ ဖရုံစေ့လှော်မှာ ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ ဖရုံစေ့ကပေးတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို သိလိုက်ရရင် ဖရုံစေ့လှော် ကြိုက်သူတွေကတော့ ပျော်ရွှင်သွားလိမ့်မယ်လို့ ထင်ပါတယ်။
၁။ ဗီတာမင် E ပါဝင်လို့ အသားအရည်ကို စိုပြေလှပစေပါတယ်။ အခြားသစ်စေ့တွေထက် ဖရုံစေ့မှာ ဗီတာမင် E တွေ ပိုမို များပြားစွာ ပါဝင်နေပါတယ်။
၂။ ဓာတ်တိုးဆန့်ကျင်တဲ့ ဓာတ်သတ္တိတွေကြောင့် အိုမင်းမှုကို နှေးကွေးစေပြီး အရွယ်တင် နုပျိုစေမှာပါ။
၃။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အထူးသဖြင့် ဇင့်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စ်ဖောရပ်တို့ ပါဝင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစေ့အဆံတစ်မျိုး ဖြစ်တာကြောင့် သွေးအားလည်း ကောင်းစေပါတယ်။
၎။ လေ့လာတွေ့ရှိချက်တွေအရ ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသတဲ့။
၅။ ကင်ဆာရောဂါ ခံစားနေရသူတွေအနေနဲ့ ဖရုံစေ့ များများစားပေးဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ ဖရုံစေ့ဟာ ကင်ဆာနဲ့ ဆက်နွှယ်ပြီး ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးစေနိုင်လို့ပါပဲ။
၆။ 5-HTP လို့ ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ပါဝင်ပြီး အဲ့ဒီအရာက သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ပါတယ်။
Credit: duwun
Tuesday, February 2, 2016
"ဖရုံစေ့စားခြင်းရဲ့ အကျိုးကျေးဇူး (၆) ခု"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment