Lutaw Lupyaw
"ဒီလိုစရိုက် (၉) ခုကြောင့် စုံတွဲတွေ လမ်းခွဲတယ်"
Western Sydney နဲ့ Indiana တက္ကသိုလ်တွေအပါအဝင် တက္ကသိုလ် (၅) ခုက သုတေသန ပြုခဲ့တဲ့အချက်တွေ ဖြစ်ပါတယ်။ လူသားရဲ့ အဖြစ်အပျက် ပြဿနာတွေကို လေ့လာတာမဟုတ် လူရဲ့စရိုက်တွေကြောင့် ဆက်ဆံရေး အဆုံးသတ်ရပုံတွေကို လေ့လာထားတာ ဖြစ်ပါတယ်။
၁- လိုအပ်ချက်များခြင်း
လိုအပ်ချက်တွေ အရမ်း များနေခြင်းပါ။ ဒီလိုအခြေအနေကြောင့် သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်သူတွေမှာ အမျိုးသမီးက ၆၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားက ၅၇ ရာခိုင်နှုန်း ရှိပါတယ်။
၂- ဟာသဥာဉ်မရှိတာ
ဟာသဥာဏ် နည်းပါးတာကြောင့် ဆက်ဆံရေး အဆုံးသတ်သူတွေမှာ အမျိုးသမီးက ၅၈ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားက ၅၀ ရာခိုင်နှုန်းဖြစ်ပါတယ်။
၃- ဝေးတာ
အနေဝေးတာကြောင့် ဆက်ဆံရေး အဆုံးသတ်ကြပါတယ်။ အမျိုးသား ၅၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၎- မလုံခြုံတာ
အတူတွဲရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရတာတွေကြောင့် အဆုံးသတ်ကြပါတယ်။ အမျိုးသမီး ၄၇ ရာခိုင်နှုန်းနဲ့ အမျိုးသား ၃၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၅- နည်းပညာစွဲလမ်းမှု
ဗီဒီယိုဂိမ်း၊ ကွန်ပြူတာဂိမ်း စတဲ့ နည်းပညာကို အလွန်အမင်း စွဲလမ်းနေတာကြောင့် ဆက်ဆံရေး အဆုံးသတ်ကြပါတယ်။ အမျိုးသမီး ၄၁ ရာခိုင်နှုန်းနဲ့ အမျိုးသား ၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၆- ခေါင်းမာတာ
ဘာမဆို ညှိုနှိုင်းလို့မရဘဲ ခေါင်းမာတာကြောင့် ခွဲကြပါတယ်။ အမျိုးသမီး ၃၄၊ အမျိုးသား ၃၂ ရာခိုင်နှုန်းပါ။
၇- စကားများတာ
တချို့က စကားများလွန်းတာကို မကြိုက်ကြပါဘူး။ အမျိုးသမီး ၂၀၊ အမျိုးသား ၂၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၈- ပွင့်လင်းလွန်းတာ
ပွင့်လင်းလွန်းတာကြောင့် တချို့က လမ်းခွဲမိကြပါတယ်။ ဒါပေမဲ့ နည်းပါတယ်၊ အမျိုးသမီးက ၁၇ နဲ့ အမျိုးသားက ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၉- အားကစားသမားပုံစံ
သူတို့ရဲ့ လက်တွဲဖော်တွေဟာ အားကစားသမားပုံစံမျိုး အလွန်အမင်း ဖြစ်နေတာကြောင့် အမျိုးသမီး ၁၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၇ ရာခိုင်နှုန်းတို့က လက်တွဲဖြုတ်ကြပါတယ်။
Photos & Source: Mensfitness
Credit: duwun
Monday, February 1, 2016
"ဒီလိုစရိုက် (၉) ခုကြောင့် စုံတွဲတွေ လမ်းခွဲတယ်"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment