Monday, March 7, 2016

"စားသောက်ပွဲတွေမှာ ဇွန်းနဲ့ခက်ရင်း အမှတ်အသား ပြုထားခြင်း"


"စားသောက်ပွဲတွေမှာ ဇွန်းနဲ့ခက်ရင်း အမှတ်အသား ပြုထားခြင်း"

စားသောက်ပွဲတွေမှာ ဇွန်းနဲ့ခက်ရင်း အမှတ်အသား ပြုထားခြင်းမျိုးတွေက မိမိကို ၀န်ဆောင်မှုပေးနေသူများကို ကြားခံစကားအဖြစ် အသုံးပြုလို့ရပါတယ်။ ဥပမာ စားသောက်နေရင်း ဖုန်းထပြောမိတာတို၊ အခြားတစ်နေရာကို ထသွားမိတာမျိုး အချိန်တွေမှာ မိမိကိုယ်စား ဇွန်းခက်ရင်းက ၀န်ဆောင်မပေးသူကို နားလည် သဘောပေါက်စေပါတယ်။

(၁) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ့ခက်ရင်း ဦးခေါင်းပိုင်းတွေကို ထိစပ်ထားပြီး လက်ကိုင်တွေကို အောက်ဖက်မှာ ခွဲထားခဲ့မယ်ဆိုရင် စားနေတုန်း၊ မပြီးသေးဘူဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

(၂) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ့ခက်ရင်းကို အပေါင်းလက္ခဏာ လုပ်ပြထားတယ် ဆိုရင်တော့ ဒုတိယမြောက်ပာင်းပွဲကို စားတော့မယ်၊ ယူလာပေးလို့ရပြီဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။

(၃) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ့ခက်ရင်းကို ကန့်လန့်ဖြတ်ထားလိုက်တယ် ဆိုရင် စားပြီးတဲ့ပာင်းပွဲက ကောင်းတယ်၊
အရသာရှိတယ်လို့ တိတ်တဆိတ် ချီးကျူးထားတာ ဖြစ်ပါတယ်။

(၄) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ့ခက်ရင်းကို မျက်နှာမူရာအရပ်သို့ အလျားလိုက် အပြိုင်တင်ထားတယ် ဆိုရင်တော့ စားလို့ပြီးပြီ သိမ်းသွားလို့ရပြီလို့ အဓိပ္ပာယ် ရပါတယ်။

(၅) ပန်းကန်ပြားပေါ်မှာ ခက်ရင်းခွထဲကို ဇွန်းညှပ်ထားပြီး ကြက်ခြေခတ် အမှတ်အသား ပြုတယ်ဆိုရင်တော့ ဒီပာင်းပွဲက အရသာမရှိဘူး၊ စားမကောင်းဘူး၊ မနှစ်သက်ဘူးလို့ ပုံဖော်ပေးပါတယ်။

သိန်း မြင့်

Credit: သဘာဝရဲ့ အာဟာရ

No comments:

Post a Comment