Monday, June 1, 2015
"အမျိုးသမီးများ မှတ်ဥာဏ်က အမျိုးသားများထက် ပိုကောင်းနေ"
"အမျိုးသမီးများ မှတ်ဥာဏ်က အမျိုးသားများထက် ပိုကောင်းနေ"
ဗြိတိန်နဲ့ အီတလီ သုတေသီတွေ ပူးပေါင်းပြီးပြုလုပ်တဲ့ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေက အမျိုးသားတွေထက် မှတ်ဥာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုခုကို မှတ်သားထားရာမှာ အမျိုးသမီးတွေရဲ့ မှတ်ဥာဏ်က အမျိုးသားတွေထက် ပိုကောင်းနေတာဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသားတွေကို ဖိအားမပေးပဲ အပြင်ခဏလောက်ပေးထွက်ကာ အေးအေးလူလူ စဉ်းစားခိုင်းတဲ့ အခါဆိုရင် မှတ်ဥာဏ်တွေ ပြန်ပေါ်လာလေ့ရှိကြောင်း လေ့လာချက်အရ တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သင်တို့ရဲ့မွေးနေ့လို အထိမ်းအမှတ်နေ့တွေကို ခင်ပွန်းက မမှတ်မိတဲ့အခါ အပြင်ခဏလောက် ထွက်ခိုင်းလိုက်ပြီး အေးအေးဆေးဆေး စဉ်းစားခိုင်းသင့်ပါတယ်။ အမျိုးသားတွေက သူတို့ဘာပြောခဲ့လဲဆိုတာကိုလည်း မကြာခဏ မေ့တက်ကြပါတယ်။ ဒါဟာ အသက်အရွယ် ၁၅ နှစ်ကနေ ၄၀ နှစ်ကြား အမျိုးသားတွေကို သုတေသန ပြုခဲ့တာဖြစ်ပါတယ်။
ဘာကြောင့် အမျိုးသမီးတွေရဲ့ မှတ်ဥာဏ်က အမျိုးသားတွေထက် ပိုကောင်းလဲဆိုတာကိုတော့ သုတေသီတွေ တိကျတဲ့အဖြေမထုတ်နိုင်ပါဘူး။ ဖြစ်နိုင်ချေရှိတာကတော့ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေနဲ့ အလုပ်ခွင်တွေမှာ ကပ်သီးကပ်သတ် စဉ်းစားပြီး ချက်ချင်းပြန်ပြော၊ ပြန်လုပ်လေ့ရှိတာကြောင့် ဒီလိုဖြစ်နေတာလို့ ယူဆရပါတယ်။ ကိစ္စတစ်ခု ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ အမျိုးသမီးတွေက ဘာမှမပြောပဲ ပြီးစေတာထက် ပြောရမယ့်စကားကို ချက်ခြင်းစဉ်းစားပြီး ပြန်ပြောနိုင်လေ့ရှိတာ တွေ့ရမှာပါ။ အမျိုးသားတွေကို မှတ်ဥာဏ် ပြန်ကောင်းလာစေချင်ရင်တော့ အပြင်ထွက်ခွင့် ကြည်ကြည်ဖြူဖြူပေးသင့်တယ်လို့ သုတေသီတွေက အကြံပြုပါတယ်။
Ref - dailymail
Credit: Planet Myanmar
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment