Monday, June 1, 2015

"သင် နေ့စဉ်ပျော်ချင်ရင် ဒီ (၅) ချက်ကို နေ့စဉ်လုပ်ပါ"


"သင် နေ့စဉ်ပျော်ချင်ရင် ဒီ (၅) ချက်ကို နေ့စဉ်လုပ်ပါ"

လူတိုင်းနီးပါက ပျော်ချင်ပါရက်နဲ့ မပျော်နိုင် ဖြစ်နေရသူတွေများပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်နေတဲ့ လုပ်ရပ်က မှားယွင်းနေလို့ပါ။ ဝင်ငွေကောင်းတဲ့အလုပ်၊ ဝါသနာပါတဲ့အလုပ်တွေ လုပ်နိုင်ရင် ပျော်နိုင်မယ်လို့ ထင်ကြပေမယ့် တကယ်တမ်းမှာ လူတိုင်းဟာ ပျော်ရွှင်မှုကို မကြာခဏ ပျောက်ဆုံးသွားလေ့ရှိပါတယ်။


လူတွေနေ့စဉ် ပျော်နေနိုင်အောင် တစ်ဦးချင်းလုပ်ရမယ့် အချက်ကလေးတွေရှိပါတယ်။ အမှန်တော့ ပျော်ရွှင်မှုဆိုတာ လူတွေကဖန်တီးယူရတဲ့ အရာဖြစ်ပါတယ်။ ဒီဇိုင်နာတစ်ယောက်က သင့်တော်တဲ့ ဒီဇိုင်းတစ်ခုကို စိတ်ကြိုက်ရေးဆွဲနိုင်သလို လူတစ်ဦးကလည်း သူ့ရဲ့ပျော်ရွှင်မှုကို စိတ်ကြိုက်ပုံဖော်နိုင်ပါတယ်။ Happiness by Design ဆိုတဲ့စာအုပ်ကို ရေးသားခဲ့တဲ့ ပါမောက္ခပေါလ်ဒိုလန်က လူတွေနေ့စဉ် ပျော်ရွှင်စွာနေနိုင်အောင် ဘာလုပ်ရမလဲဆိုတဲ့ အချက်တွေကို အခုလို အကျဉ်းချုံးပြောထားပါတယ်။ အများကြီးမဟုတ်ပါဘူး။ နေ့စဉ် ဒီငါးချက်ကို လုပ်ကြည့်ရုံနဲ့ သင် ပျော်ရွှင်တဲ့နေ့တစ်နေ့ကို ဖြတ်သန်းရပါလိမ့်မယ်။


၁။ ကိုယ့်အကြိုက်ဆုံးသီချင်းတွေကို လွပ်လွပ်လပ်လပ်နားထောင်လိုက်ပါ။

၂။ သင်နှစ်သက်တဲ့သူတစ်ဦးနဲ့ အနည်းဆုံး ငါးမိနစ်လောက် စကားပြောရင်း အချိန်ကုန်ဆုံးလိုက်ပါ။ ငါးမိနစ်ထက်လည်း ပိုကြာရင်ကြာနိုင်ပါတယ်။

၃။ အပြင်ထွက်ပါ။ အိမ်ထဲမှာပဲ အောင်းမနေပါနဲ့။

၎။ ကောင်းမှုတစ်ခုနေ့စဉ်ပြု ဆိုတဲ့စကားအတိုင်း လိုက်နာပါ။ အနည်းဆုံး အကူအညီလိုနေတဲ့ သူတစ်ယောက်ကို တက်နိုင်တာကူညီပေးလိုက်ပါ။

၅။ အတွေ့အကြုံအသစ်တွေ နေ့စဉ်ရှာဖွေပါ။ အဟောင်းတွေထဲမှာပဲ နေ့စဉ်ဖြတ်သန်းမနေပါနဲ့။

ပျော်ရွှင်မှုအတွက် သင်လုပ်နေတာမမှန်ဘူးဆိုရင် ပြောင်းလဲဖို့ အရေးကြီးတယ်။ ဘာတွေးနေလဲ ဆိုတာထက် ပိုအရေးကြီးပါတယ် လို့ ပါမောက္ခပေါလ်ဒိုလန်က ပြောပါတယ်။

Ref - telegraph

Credit: Planet Myanmar

No comments:

Post a Comment