Wednesday, July 8, 2015
"အမေရိကန်ရဲ့ ပထမဆုံး မိန်းကလေး ငါးမြွှာပူး"
"အမေရိကန်ရဲ့ ပထမဆုံး မိန်းကလေး ငါးမြွှာပူး"
အမေရိကန်ပြည်ထောင်စုမှာ ငါးမြွှာပူးမွေးခဲ့တဲ့ဖြစ်ရပ်တွေ မကြာခဏရှိခဲ့ပေမယ့် ငါးမြွှာပူးစလုံး မိန်းကလေးတွေချည်း ဖြစ်နေတာကတော့ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက တက္ကဆက်ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ ငါးမြွာပူးမွေးဖွားခဲ့ရာ အားလုံးက မိန်းကလေးတွေဖြစ်ခဲ့ပြီး အမေရိကန်သမိုင်းမှာ ဒီလိုမျိုးဖြစ်ရပ်က ပထမဆုံးဖြစ်ခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ထူးထူးခြားခြား မွေးခဲ့တဲ့ မိန်းကလေးငါးမြွာပူးဟာ ဆေးရုံမှာ လေးလကြာ နေထိုင်ခဲ့ပြီးနောက် နေအိမ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ ဆေးရုံက တာဝန်ရှိသူတွေဟာ ကလေးတွေရဲ့ကျန်းမာရေးကို ကြည့်ပြီး နေအိမ်ကို ပြန်ခွင့်ပေးခဲ့တာပါ။
ပထမဆုံးအဖြစ် ပါကားကို ဇွန် ငါးရက်မှာ ဆေးရုံကဆင်းခိုင်းခဲ့ပြီးနောက် လေးရက်ကြာမှာ ဟာဇယ်ကို ဆေးရုံကနေ ဆင်းခိုင်းခဲ့ပါတယ်။ ဒီနောက်ဇွန် ( ၂၆) ရက်မှာ အိုလီဗီယာနဲ့ ပီဂီတို့ဟာ ဆေးရုံကနေ ဆင်းခွင့် ရရှိပြီးနောက် နောက်ဆုံးကလေးဖြစ်တဲ့ အေဗာကလည်း ဆေးရုံကနေ ဆင်းခွင့်ရသွားခဲ့ပြီ ဖြစ်ပါတယ်။ တစ်မိုးအောက်ထဲမှာ ရင်သွေးတွေ အားလုံးပြန်ရောက်လာပြီ ဖြစ်တာကြောင့် မိခင်ဖြစ်သူ ဘက်စ်ဘီဟာ ပြောမပြတတ်အောင် ၀မ်းသာနေတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်ပြီး (၂၈) ပတ်နဲ့ နှစ်ရက်အကြာ ဧပြီ ( ၈) ရက်မှာ ငါးမြွှာပူးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဘက်စ်ဘီမှာ အသက်လေးနှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ရှိနေပါတယ်။ ဘတ်စ်ဘီက ကလေးတွေအားလုံး ပြန်လည် မြင်တွေ့ရခဲ့တာကြောင့် အလွန်ဝမ်းသာမိကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သည့် လများတွင် ကလေးများအတွက် စိုးရိမ်ကြီးစွာ နေထိုင်ခဲ့ရကြောင်း ဟြေကြားခဲ့ပါတယ်။
ကမ္ဘာမှာတော့ မိန်းကလေး ငါးမြွာပူးကို ၁၉၆၉ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာ ပထမဆုံး ငါးမြွှာပူးကို ၁၈၉၆ မှာ မွေးဖွားခဲ့ပေမယ့် အသက် တစ်လကျော်အောင် နေထိုင်ခဲ့ရခြင်း မရှိဘူးလို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး ယောက်ျားလေး ငါးမြွာပူး ကိုတော့ ၁၉၉၆ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အမြွှာပူးမွေးဖွားရာမှာ အားလုံး မိန်းကလေးတွေဖြစ်နေတဲ့အပြင် အားလုံး အသက်ရှင်ခဲ့တာကြောင့် အင်မတန် ထူးခြားကြောင်း သိရပါတယ်။
Credit: messenger
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment