Wednesday, July 8, 2015
"အိမ်ထောင်ရေးမှာ အလိမ်အညာ ဇာတ်လမ်းကလည်း ကာကွယ်ပြီးသားလည်းဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း ဆွဲဆောင်မှု ဆက်ရှိနေစေဖို့"
"အိမ်ထောင်ရေးမှာ အလိမ်အညာ ဇာတ်လမ်းကလည်း ကာကွယ်ပြီးသားလည်းဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း ဆွဲဆောင်မှု ဆက်ရှိနေစေဖို့"
အိမ်ထောင်ပြုပြီးသွားချိန်မှာ ကလေးကတစ်ဖက်၊ အိမ်မှုကိစ္စကတစ်ဖက်၊ အလုပ်ကတစ်ဖက်နဲ့ မအားမလပ် ဖြစ်လာရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အရင်လို အချိန်မပေးနိုင်ကြတော့သလို ဘ၀ရပ်တည်မှု အပိုင်းကိုသာ ပိုမိုပြည့်စုံအောင် အားထုတ်လာတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ နည်းတစ်ခု၊ အထင်တစ်ရပ်ပါ။ သင်ဟာ အိမ်ထောင်ပြုပြီးသွားတဲ့အခါ သင့်အိမ်ထောင်ဖက်ကိုလည်း အချိန်ပေးကို ပေးရပါလိမ့်မယ်။ ဒီလောက်ရှုပ်ယှက်ခတ်နေတာ ဘယ်လိုများ အချိန်ပေးရမလဲရယ်လို့ သင် ပြန်မေးမယ်ဆိုရင် သင့်ကို အချက် (၆) ချက်ပဲ ပြောပြပေးပါမယ်။ ဒီအချက်လေးတွေဟာ အိမ်ထောင်ရေးကို တည်မြဲစေမှာ ဖြစ်သလို သင်တို့နှစ်ဦးအတွက်လည်း သာယာပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်ပါတယ်။
၁။ နှစ်ဦးသား အချိန်ပိုရစေဖို့ ကလေးတွေကို ညဘက် စောစောသိပ်၊ အိပ်ယာဝင်ခိုင်းပါ။
အိမ်မှာ ညနေစာကို လက်ဆုံစားပြီးတာနဲ့ ကလေးတွေကို အချိန်ခဏသာ ခြားပြီး အိပ်ခိုင်းပါ။ ဖြစ်နိုင်ရင် ၈ နာရီခွဲ ဝန်းကျင်လောက် ကလေးကို အိမ်ယာဝင်တတ်တဲ့ အကျင့်လုပ်ပေးပါ။ ကလေးတွေ အိပ်သွားပြီဆိုရင်တော့ သင်တို့နှစ်ဦးအတွက် မျက်နှာချင်းဆိုင် စကားကောင်းကောင်းပြောဖို့ အချိန်ရောက်ပါပြီ။
၂။ကလေးထိန်းငှားပါ။
ကလေးကို လက်ကမချ၊ သင်ချည်းပဲ တစ်ချိန်လုံး ထိန်းနေဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကြာရင် သင့်အိမ်ထောင်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီတော့ ကလေးထိန်းအတွက် ပိုက်ဆံမတတ်နိုင်ဘူးဆိုရင်တောင် သင့်အနေနဲ့ အဒေါ်၊ အမေ၊ အစ်မ စတဲ့သူတွေကို ကလေးထိန်းအတွက် ကူညီပေးဖို့ ပြောကြည့်ပါ။
၃။အိမ်ထောင်ဖက်နဲ့အတူ မနက်ခင်းတိုင်း ဆက်စီကျကျ ပြုမူကြည့်ပါ။
ကိုယ့်အိမ်ထောင်ဖက်နဲ့ မနက်တိုင်း အတူနေပါလို့ ပြောတာမျိုး မဟုတ်ပါဘူး။ မနက်ခင်းနိုးတာနဲ့ သူ့ပါးလေးကို နမ်းပြီးနှိုးတာမျိုး၊ သူ့ကိုသွားတိုက်ဆေး ပြင်ဆင်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ သူ့နားကပ်ပြီး ပွတ်သီးပွတ်သပ် လုပ်ပေးတာမျိုးကလည်း အမျိုးသားတွေ ကျေနပ်သွားစေတဲ့ အရာပါပဲ။ အမျိုးသားတွေအနေနဲ့ကတော့ ကိုယ့်အမျိုးသမီးကို နောက်ဖေးချောင်မှာ ကူညီပေးရင် လည်တိုင်လေးကို အနမ်းခြွေတာ၊ နဖူးလေးကို နမ်းလိုက်တာမျိုးတွေ တကယ်ကို အိမ်ထောင်ရေးတည်တံ့စေဖို့ အထောက်အကူပြုတဲ့ အရာလေးတွေပါ။ နှစ်ဦးသား အမြဲတမ်း ကြင်ကြင်နာနာရှိပါစေ။
၎။နှစ်ဦးသား မဆုံဖြစ်ပေမယ့် နေ့အချိန်တွေမှာ အမြဲဆက်သွယ်နေပါ။
တစ်ယောက်ထမင်းစားပြီးပြီလား၊ ခု ဘယ်ရောက်နေတယ်ဆိုတာတွေ တစ်ဦးနဲ့တစ်ဦး အမြဲဆက်သွယ် ပြောဆိုတာမျိုးကလည်း တကယ်ကို ကောင်းမွန်တဲ့အကျင့်လေးပါ။
၅။တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း စကားပြောဖြစ်အောင် ပြောပါ။
ဒီအချက်က လွယ်လွယ်လေးဆိုပေမယ့် ပြီးပြီးရော ပြောတဲ့စကားမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ မိန်းမရေ ငါသွားပြီဟေ့၊ မိန်းမရေ ငါပြန်ရောက်ပြီ၊ အိပ်တော့မယ်ကွာ စတာမျိုးတွေတော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ နီးပါးလောက်တော့ အိမ်ကိစ္စ၊ ကလေးကိစ္စ၊ အလုပ်ကိစ္စ စတာတွေကို ပြောဆိုဆွေးနွေးရင်း နှစ်ဦးသားအနာဂတ်အတွက် ပြင်ဆင်သွားဖို့ပါ။
မေသော်
Credit: Trend Myanmar
Labels:
အိမ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment