Wednesday, July 8, 2015

"မိန်းမချောလေးတွေ ဘာဖြစ်လို့ မစွန်သေးတာလဲ"


"မိန်းမချောလေးတွေ ဘာဖြစ်လို့ မစွန်သေးတာလဲ"

လှပတင့်တယ်နေတဲ့ မိန်းမချောလေးတွေကတော့ ကောင်လေးတွေ ဝိုင်းဝိုင်းလည် ဖြစ်နေမယ်လို့ ထင်ရပင်မဲ့ တကယ်တမ်းကျတော့ ချစ်သူနေနေသာသာ ရည်းစားတောင်မရှိတဲ့ဘဝပါ။
မိန်းမချောလေးတွေမှာ ပိုင်ဆိုင်သူ ရှိနေပါလိမ့်မယ်ဆိုတဲ့ အတွေးကတော့ တကမ္ဘာလုံးမှာ အတူတူဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီလို စဉ်းစားတာ ဖြစ်ပါလိမ့်မယ်။ ပြောင်းပြန် စဉ်းစားကြည့်ရင်တော့ ချောပါလျက်နဲ့ ပိုင်ရှင်မရှိသူကတော့ တစ်ခုခုတော့ တစ်ခုခုပါပဲလို့ ထင်ကြပါလိမ့်မယ်။ မိန်းမချောလေးတွေရဲ့ ဒုက္ခပါ။ သူတို့ဘက်ကလည်း ကြည့်လိုက်ရအောင်နော်။

ယောင်္ကျားတွေကို တော်တော်နဲ့ မယုံကြည်ပါ

မိန်းမချောလေးတွေနားကို ကပ်လာတဲ့ ကိုကိုတွေက ကောင်းတဲ့သူထက် ဘာမှန်းကို မသိတဲ့သူ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်လာတာကြောင့် ယောင်္ကျားကောင်းနဲ့ တွေ့တာတောင်၊ အတိတ်က အတွေ့အကြုံတွေကြောင့် တော်တော်နဲ့ လက်မခံနိုင်ပါ။ ဒီယောင်္ကျားက ဘာဖြစ်လို့ ချဉ်းကပ်လာတာလဲ၊ ဘာအတွက်လဲဆိုတာကို သိအောင်လုပ်ချင်တဲ့စိတ်က အရင် ဖြစ်နေတာကြောင့်ပါ။

သူ့မှာ ပိုင်ရှင်ရှိနေပြီလို့ အထင်လွဲခံရတတ်ပါတယ်

ကဲ ယောင်္ကျားချောချောလေးတစ်ယောက်ကို တွေ့လိုက်ပြီဆိုရင် သူ့မှာ ရည်စား၊ ပိုင်ရှင်ရှိနေပြီလို့ တွေးမိမှာ အမှန်ပါ။ ဒါကြောင့်လည်း ချဉ်းကပ်ဖို့ စဉ်းစားမှာ မဟုတ်ပါ။ ဒီလိုပဲ မိန်းမချောလေးတွေမှာလည်း ပိုင်ရှင်ရှိနေပြီလို့ ကိုကိုတို့က တွေးမိတတ်ပါတယ်။

ရည်းစားထားဖို့ ဝန်လေးနေပြီ

သူငယ်ချင်းတွေက နင်ကဒီလောက်တောင်ချောတာ ဘယ်ဖြစ်လို့ ရည်းစားမရှိတာလဲလို့ မေးကြ၊ပြောကြဆိုတော့ ကြာတော့ စိတ်ထဲမှာ ခံစားရတယ်လေ။ ဒါကြောင့်ကို အရွဲ့တိုက်ပြီး ဘာမှကို မလုပ်တာပါ။

လှတယ်ချောတယ်ဆိုတာ တစ်ခုကြောင့် အနှောက်အယှက်တွေနဲ့ ကြုံဖူးတယ်

ယောင်္ကျားလေးတွေက မိန်းမချောလေးတွေနဲ့ တွဲချင်၊ ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီတော့ ချောတာလှတာကိုပဲ အဓိကတွေးပြီး တကယ်တည်း မိန်းကလေးရဲ့အတွင်းစိတ်ကို နားလည်အောင်တော့ မကြိုးစားပါ။ ဒါကြောင့် မိန်းကလေးဘက်မှာ ခံစားရမှာ အမှန်ပါ။ ကိုယ့်ကို တကယ်ချစ်တာ မဟုတ်ပဲ၊ ရုပ်ပိုင်းဆိုင်ရာကို ကြိုက်နေတာ တစ်ခုပဲလို့တွေးမိရင် ....

မိန်းမချောလေးတွေကို လိုက်ကြောင်တဲ့ ကောင်တွေကလည်း ကိုပေါ့တွေကများ

ဒီလို မိန်းကလေးတွေကို လိုက်ကြောင်နေတဲ့ ကောင်တွေကတော့ ပြောစရာကိုလိုတော့မယ် မထင်ပါ။ ပေါ့ပေါ့ပါးပါး ကောင်လေးတွေက များပါလိမ့်မယ်။

မိန်းမချောလေးတွေကို ကြောက်တဲ့ ကိုကို

ဒီမိန်းကလေးနဲ့ အတူတူ အပြင်သွားလည်ရင်တောင် ဘယ်လိုပြောဆိုရမလဲဆိုတာကို တွေးရင်း ကြောက်နေမိပါတယ်။ နောက်ဆုံးမှာ အဖြေကတော့ No ဆိုတာကိုတွေးရင်း စိတ်ပူနေမိမှာပါ။ သူ့လို မိန်းကလေးဆီကနေ လွယ်လွယ်နဲ့ ကိုယ့်လို ယောင်္ကျားကို လက်ခံမှာ မဟုတ်လို့ တွေးရင်း စိတ်ပူနေမှာပါ။

ကိုယ့်လမ်းကို ကိုယ်လျှောက်မှာပဲ

မိန်းမချောလေးတွေမှာ ယုံကြည်ချက်အပြည့်ရှိသလို ရည်မှန်းချက်တွေနဲ့လည်း ပြည့်ဝနေလိမ့်မယ်။ ဒါကြောင့် ကိုယ်လုပ်ချင်တာကို လုပ်မယ်၊ ဘယ်သူမှလည်း တားလို့ ရမှာ မဟုတ်။ ကိုယ့်ကိုကြိုက်ရင် ကိုယ်လုပ်သလိုလုပ်နိုင်မှ လိုက်ခဲ့လို့ ပါးစပ်ကမပြောပင်မဲ့လည်း သူ့ရဲ့မျက်နှာပေါ်မှာ တွေ့နိုင်ပါလိမ့်မယ်။



Credit: Chelmo Team

No comments:

Post a Comment