"အွန်လိုင်း မှတ်ချက်များကြောင့် အမြင်ကျဉ်းသူများ ဖြစ်လာနိုင်"
ဝက်ဘ်ဆိုဒ်များပေါ်ရှိ မှတ်ချက်ရေးသားသော ကဏ္ဍသည် ယုံတမ်းစကားများ၊ လူမျိုးရေးခွဲခြားမှုများနှင့် မလိုမုန်းထားစိတ်ဖြင့် ရေးသားချက်များ ပေါက်ဖွားရာ နေရာဖြစ်သည်။
အဆိုပါကဲ့သို့သော အမုန်းပွားစေသော ခွဲခြားဆက်ဆံသော မှတ်ချက်များကို ဖတ်ရှုနှုန်းများပါက ဖတ်ရှုသူ၏ မလိုမုန်းထားစိတ် ပိုတိုးလာစေကြောင်း လေ့လာမှုများအရ သိရသည်။
မလိုမုန်းထားစိတ် တိုးလာခြင်း ရလဒ်အဖြစ် ကိုယ်ကိုယ်တိုင်လည်း မလိုမုန်းထား မှတ်ချက်များ ပိုရေးသားမိလာကြောင်းလည်း လေ့လာ တွေ့ရှိရသည်။
နယူးဇီလန်ရှိ ကန်တာဘယ်ရီ တက္ကသိုလ်မှ သုတေသီ မက်ခ်လတ်ဒ်နှင့်အဖွဲ့က အသက် (၁၈) နှစ်မှ (၅၀) အတွင်း လူ (၁၃၇) ယောက်ကို စစ်တမ်းကောက် ယူလေ့လာခဲ့သည်။
ပါဝင်သူများကို အွန်လိုင်းမှ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုခိုင်းပြီး လေ့လာဆန်း စစ်စေသည်။ ဆောင်းပါးကို ဖတ်ရှုပြီးပါက ကိုယ်ပိုင်ထင်မြင်ချက်ကို ပြန်ပေးရန် လိုအပ်သည်။ သို့သော် မှတ်ချက် ရေးသားလိုပါက ရှေ့မှရေးသားထားသော မှတ်ချက်များကို အရင်ကြည့်ပြီးမှ မှတ်ချက်ကို ရေးသားစေသည်။ ထိုအခါ တခြားသော မှတ်ချက် ရေးသားသူများ၏ အမှားအမှန်မဆင်ခြင်ဘဲ ရေးသားချက်များကို ဖတ်ရှုပြီးမှ မှတ်ချက် ရေးသားကြသူများ၏ မလိုမုန်းထားစိတ်သည် လက်တွေ့တုံ့ပြန်ရေးသားရာတွင်ရော မေးခွန်းများကို ဖြေဆိုစမ်းသပ်ရာတွင်ပါ ပိုတိုးလာကြောင်း တွေ့ရှိခဲ့ရသည်။
““လက်ရှိ ခေတ်ကာလမှာ တခြားသူတွေရဲ့ အွန်လိုင်းမှတ်ချက် စကားတွေက တခြားတစ်ယောက်ရဲ့ ခံစားချက် အပြုအမူအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိနေတယ်ဆိုတာ ဒီသုတေသနက ပြနေပါတယ်”” ဟု လေ့လာသူများက ပြောသည်။
Source: Daily Mail
Tuesday, July 7, 2015
"အွန်လိုင်း မှတ်ချက်များကြောင့် အမြင်ကျဉ်းသူများ ဖြစ်လာနိုင်"
Labels:
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment