"ရေကူးပြီးနောက် မျက်လုံးတွေ နီမြန်းတာဟာ ဘာ့ကြောင့်များလဲ"
ရေငုပ်မျက်မှန်မတပ်ဘဲ ရေကူးကန်ထဲ ဒိုင်ဗင်ထိုးဖူးကောင်း ထိုးဖူးကြပါလိမ့်မယ်။ နောက်တော့ မျက်လုံးတွေ နီမြန်းတာ သတိပြုပါလိမ့်မယ်။ အဲဒီလိုမျက်လုံးတွေ နီမြန်းတာဟာ ကလိုရင်းကြောင့် ဖြစ်တဲ့ဖြစ်စဉ်လို့ တချို့က ဆိုကြပေမယ့် တစ်စိတ်တစ်ဒေသအားဖြင့်သာ မှန်ကန်ပြီး ကျန်တဲ့အပိုင်းကို သင်သိလိုက်ရရင် လန့်ဖြန့််ပြီး အဖျားပါ တက်သွားမှာ အမှန်ဖြစ်ပါတယ်။
The US Centers for Disease Control မှ ဒါရိုက်တာများအနက် တစ်ဦးဖြစ်တဲ့ Dr. Michael Beach က ရေကူးကန်အတွင်း ဒိုင်ဗင်ထိုးတဲ့အခါ မျက်စိနီမြန်းလာတာဟာ ကျင်ငယ်ရည်နဲ့ ချွေးတွေနဲ့ ပေါင်းစည်းတဲ့အခါ ဖြစ်လာတဲ့ ကလိုရင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မျက်လုံးနီမြန်းတာ ကလိုရင်း ဘေးထွက်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရလဒ်တစ်ခုဖြစ်ပြီး ဒီလိုဘေးထွက်ဆိုးကျိုးတွေဟာ ကလိုရင်း၊ ကျင်ရည်၊ ချွေးနဲ့ ခန္ဓာကိုယ်မှ တချို့အညစ်အကြေးတွေ အချင်းချင်း ဓာတ်ပြုခြင်းရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာတာလို့ US Centers for Disease Control မှ နှစ်ကြိမ်နှစ်ခါ ပြန်လည်စစ်ဆေးပြီးနောက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Tuesday, July 7, 2015
"ရေကူးပြီးနောက် မျက်လုံးတွေ နီမြန်းတာဟာ ဘာ့ကြောင့်များလဲ"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment