"အချိန်ကြာတွဲလာတဲ့ ချစ်သူရည်းစားတွေ ချစ်တယ်ဆိုတဲ့ စကားအစား ဘယ်လို စကားမျိုးလေးတွေ ပိုပြောဖို့သင့်"
တစ်ယောက်နဲ့တစ်ယောက် နှစ်ရှည်လများ လက်တွဲလာပြီးဖြစ်တဲ့ စုံတွဲတွေအတွက် ချစ်တယ်ဆိုတဲ့ စကားအစား ဘယ်လိုစကားမျိုးလေးတွေက နှစ်ဦးသားအချစ်ကို ပိုအသက်ဝင်စေမလဲဆိုတာ သိချင်စရာပါ။ ချစ်သူနှစ်ဦး အိမ်ပြန်ဖို့ လမ်းခွဲခါနီးအချိန်တွေ၊ ဖုန်းပြောပြီး ဖုန်းချခါနီးအချိန်တွေ၊ ဖုန်း Message ပို့တဲ့အခါတွေမှာ ချစ်တယ်လို့ ပြောလေ့ရှိပါတယ်။ ဒါမကောင်းဘူးလားဆိုတော့ သိပ်ကောင်းတယ်လို့ ပြောရပါလိမ့်မယ်။ ချစ်တဲ့အကြောင်း မကြာခဏ ပြောလေလေ ချစ်သူနှစ်ဦး သံယောဇဉ် တိုးလေလေကိုး။ ဒါပေမယ့် ချစ်တယ်ဆိုတဲ့စကားကို နေ့တစ်နေ့ရဲ့ မနက်ပိုင်းမှာ ပြောပြီးသွားရင် ညနေပိုင်း ဘယ်လိုစကားမျိုးလေး ပြောဖို့ ပိုသင့်သလဲ၊ ဒီအချက်က ရေရှည်သွားနေတဲ့သူတွေအတွက် သိထားဖို့ သင့်လှပါတယ်။
၁။မင်းက ဘယ်လိုကြည့်ကြည့်ကို ငါ့အတွက် ဆွဲဆောင်မှုရှိနေတယ်။
သူပြင်ဆင်ပြီးထွက်လာတဲ့ အချိန်မျိုးတွေမှာမှ မဟုတ်ပဲ သိပ်မပြင်မဆင် ရိုးရိုးလေး ၀တ်ဆင်ထားချိန်တွေမှာ သင့်အနေနဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်ပါ။ ဒီစကားထဲမှာ ချစ်တယ်ဆိုတဲ့စကား မပါသွားပေမယ့် သူ့ကိုချစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
၂။တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာတယ်။ မခွဲချင်တော့ဘူး။
ဒီစကားဟာ ဘယ်တော့မှမခွဲဘူး။ အရမ်းချစ်တယ် ဆိုတာထက်ကို မင်းကိုလက်ထပ်ချင်တဲ့အထိ ဖြစ်လာပြီဆိုတာမျိုး ပြောချင်တာပါ။ ခြုံငုံပြောရရင်တော့ အရမ်းချစ်တယ်ဆိုတာနဲ့ အတူတူပေါ့။
၃။ကိုယ့်ကို ရယ်မောပျော်ရွှင်အောင် အမြဲလုပ်နိုင်တဲ့သူက မင်းတစ်ယောက်တည်းရှိတယ်။
လူတစ်ယောက်ကို အမြဲပျော်အောင် ထားနိုင်တဲ့သူဆိုတာ နည်းတဲ့အရည်အချင်းတော့ မဟုတ်ပါဘူး။ သင့်အရည်အချင်းကို တင်စားပြောဆိုသွားခြင်းရဲ့ အဆုံးဟာ သင့်လိုလူ သူ့အတွက် နောက်တစ်ယောက် မရှိဘူးဆိုတာပါပဲ။
၎။မင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို ကိုယ်ကျေနပ်တယ်။ သဘောကျတယ်။
တစ်ဖက်လူ ကိုယ့်အပေါ် ဘာလုပ်လုပ် ကျေနပ်နေတယ်ဆိုတာကလည်း မင်းကို ဘယ်လောက်ချစ်နေသလဲဆိုတာကို ပြောပြတဲ့ စကားတစ်ရပ်ပါ။
၅။ဟိုးအရင်စတွေ့ခါစ အချိန်ထက်တောင် ကိုယ့်မျက်လုံးထဲမှာ မင်းက ပိုကြည့်ကောင်းလာသေးတယ်။
တွဲတာကြာလာတဲ့အခါ၊ အသက်လေးကြီးလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရိုးသွားတယ်၊ ပျင်းသွားတယ်၊ ငြီးငွေ့သွားတယ် ဆိုတာမျိုး မရှိကြောင်း သက်သေပြဖို့ လိုပါတယ်။ ဒါ့အပြင် တစ်ဖက်လူသိအောင် ပြောပြဖို့လည်း လိုပြန်ရော။
ဟန်နီ
Credit: Trend Myanmar
Monday, July 6, 2015
"အချိန်ကြာတွဲလာတဲ့ ချစ်သူရည်းစားတွေ ချစ်တယ်ဆိုတဲ့ စကားအစား ဘယ်လို စကားမျိုးလေးတွေ ပိုပြောဖို့သင့်"
Labels:
ချစ်မှုရေးရာ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment